SJ WorldNews - шаблон joomla Авто

ရုရှား ဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး Army General Sergey K. SHOIGU ဦးဆောင်သော ချစ်ကြည် ရေး ကိုယ်စားလှယ် အဖွဲ့ရောက်ရှိ

Sunday, 21 January 2018 10:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇန်နဝါရီ   ၂ဝ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ကာကွယ်ရေး ဝန်ကြီး Army General Sergey K. SHOIGUဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိလာရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် မြင့်မော်နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီး H.E.Dr. Nikolay A.LISTOPADOV ၊ စစ်သံမှူးနှင့် တာဝန်ရှိသူများက  လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ သည် သူရဲကောင်း ဗိမာန် (နေပြည်တော်)သို့ သွားရောက်၍ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင်  လက်မှတ် ရေးထိုးကာ လွမ်းသူ့ ပန်းခွေချ အလေးပြုခဲ့ကြကြောင်း သတင်းရရှိသည်။               

Read 512 times Last modified on Sunday, 21 January 2018 10:52