SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေး အဖွဲ့အား လက်ခံတွေ့ဆုံ

Tuesday, 23 January 2018 10:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇန်နဝါရီ   ၂၂

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Dr. Surakiart Sathirathai ဦးဆောင်သည့် အဖွဲ့ ဝင် ၁ဝ ဦးပါ ရခိုင်ပြည်နယ်ဆိုင်ရာ   အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့အား ယနေ့ ညနေ ၃နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံ တွေ့ ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် ကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အကြံပေးအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စများနှင့် ပတ်သက်၍  အမြင် ချင်း ဖလှယ် ဆွေးနွေးကြသည်။

ယခုတွေ့ဆုံမှုသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မ တီ၏ အကြံပေးအဖွဲ့ အနေဖြင့် စတင် တည်ထောင်ပြီးချိန်မှစ၍ ပထမဆုံးအကြိမ် လာရောက် တွေ့ဆုံ ခြင်းဖြစ် သည်။

ကုလသမဂ္ဂ  အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် အကြံပေး ကော်မရှင်သည် အကြံပြုချက် ၈၈ ချက်ပါသည့် အပြီးသတ်အစီရင်ခံစာကို ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည်။

ဖော်ပြပါ အကြံပြုချက်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင် ဖွဲ့စည်းထားသည့်   ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ်  အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီက  တာဝန်ယူ အကောင်အထည် ဖော်လျက်ရှိသည်။

သို့ပါ၍ ယင်းကော်မတီကို အထောက်အကူပြုရန်   ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများ ပါဝင်သည့်  ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့အား ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် Dr. Surakiart Sathirathai နှင့်အဖွဲ့ကို နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ် ၌  ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ညစာစားပွဲ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့်  ဦးကျော်တင့်ဆွေ၊ ဦးသောင်းထွန်း၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။                

 

Read 492 times Last modified on Tuesday, 23 January 2018 10:31