SJ WorldNews - шаблон joomla Авто

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပုသိမ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြား

Friday, 26 January 2018 21:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇန်န၀ါရီ - ၂၆

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ပုသိမ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဧရာဝတီ ခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ၀င်းဗိုလ်ရှိန်က တပ်ရင်းတပ်ဖွဲ့များအား စစ်ဆေးစဉ် တပ်တည်ဆောက်ရေး လုပ်ငန်းတာဝန်ကြီး (၄)ရပ်ဆိုင်ရာ စစ်ဆေး တွေ့ရှိချက်များကို လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက မှုခင်းကျဆင်းမှု လျော့နည်းရေး ဆိုင်ရာများကို လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က တပ်ရင်းတပ်ဖွဲ့များကို စစ်ဆေးစဉ် ငွေစာရင်း၊ ပစ္စည်းစာရင်းနှင့် ရောဂါကြောင့် သေဆုံးမှု ဆိုင်ရာများကို လည်းကောင်း အသီးသီး ဆွေးနွေး ရှင်းလင်းကြသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကား ပြောကြားရာတွင် တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်ရန်နှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်များ ပြည့်ဝစွာ ထမ်းဆောင်နိုင်ရေး စွမ်းရည် ၃ ရပ်ထက်မြက် နေစေရန် လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် လေ့ကျင့်နေရန်၊ တပ်ရင်းတပ်ဖွဲ့ များအနေဖြင့် ကိုယ်စီလုပ်ငန်း တာဝန်များနှင့် စစ်ပညာများကို ကျွမ်းကျင်မှု ရှိနေစေရေး “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်” ဆိုသည့် ဆောင်ပုဒ် နှင့်အညီ အမြဲလေ့ကျင့် နေရန် လိုအပ်သလို အိမ်ထောင်သည် ရဲမေများ အနေဖြင့်လည်း တတ်မြောက်ထားသည့် စစ်ပညာများကို မွမ်းမံသင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်နေရန်၊ အရာရှိ၊ စစ်သည်များက တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို မမေ့မလျော့ကြဘဲ စစ်မြေပြင်တွင် လက်တွေ့အသုံးချရန်၊ စစ်ဆင်ရေး တာဝန်ထမ်း ဆောင်ရာတွင် ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement) ၊ ဂျီနီဗာ ကွန်ဗင်းရှင်း ဆိုင်ရာ ဥပဒေ များနှင့်အညီ လုပ်ဆောင်ရန် လိုအပ်သလို မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဥပဒေ နှင့်အညီ ဆောင်ရွက်ကြရန်၊ တာဝန်ရှိသူများ အနေဖြင့် လက်အောက် ငယ်သားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများအား အပြည့်အ၀ ဆောင်ရွက်ပေးရန်၊ တပ်နေပျော်စေ ရေးအတွက် ကြပ်မတ်ကွပ်ကဲရန်၊ တပ်တွင်းစည်းလုံး ညီညွတ်မှုကို ကျစ်လစ်ခိုင်မာအောင် တည်ဆောက်ရန်၊ Standard Army တည်ဆောက်ရာတွင် အဓိကကျသည့် တပ်တည် ဆောက်ရေး လုပ်ငန်းတာဝန်ကြီး (၄)ရပ်ကို တပ်မတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ အမိန်နှင့် ညွန်ကြားချက်များ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အားလုံးက ၀ိုင်းဝန်း တည်ဆောက်ကြရန်၊ တပ်တွင်းသတင်း လုံခြုံမှုရှိစေရန်၊ စားရေး၊ နေရေး၊ ၀တ်ရေး၊ သွားလာ သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်း များတွင် လစ်ဟာမှု မရှိစေရေး ဖြည့်ဆည်းပေးရန်၊ သက်သာ ချောင်ချိရေးကို အထောက်အကူ ဖြစ်စေသည့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်၊ အိမ်ထောင်သည် ရဲမေများ အနေဖြင့်လည်း မိမိတို့ ရသင့်သည့် အခွင့်အရေးများကို နည်းမှန် လမ်းမှန်များဖြင့် တင်ပြ တောင်းခံကြရန်၊ မိမိတို့ အချင်းချင်း ချစ်ခင်ညီညွတ်စွာ နေထိုင်ကြရန် လိုအပ်သလို အခက်အခဲ ဟူသမျှ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် တပ်မိသားစု လုပ်ငန်း တာဝန်များကို မောင်တစ်ထမ်း မယ်ရွက်ဖြင့် နိုင်ငံတော်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်၍ ၀ိုင်းဝန်း လုပ်ဆောင်ကြရန်တို့အား အသေးစိတ် မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသ စာအုပ်စာစောင် များနှင့် ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည်ထုပ် များကို ပေးအပ်ရာ တိုင်းမှူးက လက်ခံ ရယူသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက စားသောက် ဖွယ်ရာများကို လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ၀င်းဗိုလ်ရှိန်က အားကစားပစ္စည်း များကိုလည်းကောင်း ပေးအပ်ကြရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် မအူပင်၊ ဖျာပုံနှင့် မော်လမြိုင်ကျွန်းမြို့ တို့ရှိ နယ်မြေခံ တပ်များ၌ အိမ်ထောင်သည် ရဲမေများအား ရင်းရင်းနှီးနှီး လိုက်လံအားပေး စကားများ ပြောကြားပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အိမ်ထောင်သည် ရဲမေများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ များကို ပေးအပ်သည်။

ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ် စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေး ခြံသို့ သွားရောက် စစ်ဆေးရာ ရှင်းလင်းဆောင်၌ တိုင်းမှူးက စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။ ရှင်းလင်း တင်ပြမှုအပေါ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က မိသားစုများ သက်သာချောင်ချိရေးအတွက် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်း အောင်ဆောင်ရွက်ရန်နှင့် အမှန်တကယ် သက်သာသော ဈေးနှုန်းများဖြင့် မိသားစုများအား ရောင်းချပေး၍ ပိုလျှံပါက ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ဒေသခံပြည်သူများကို ရောင်းချနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန် မှာကြားသည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေး ခြံအတွင်း Green House စိုက်ပျိုးရေးခြံ၊ ငါးနှင့် ဟင်းသီးဟင်းရွက်ပေါင်းစပ် စိုက်ပျိုးမွေးမြူသည့် Aquaphonic System Organic Green House စိုက်ပျိုးရေးခြံ၊ စင်အဆင့်ဆင့်ဖြင့် မြေမဲ့အာဟာရဖျော်ရည်သုံး Organic Green House စိုက်ပျိုးရေးခြံ၊ DYL ၀က်မွေးမြူရေးခြံ၊ နွားမွေးမြူရေးခြံ၊ ၀ါးလက်မှု လုပ်ငန်းနှင့် အုန်းလက်မှု လုပ်ငန်း ဆောင်ရွက်ထားရှိနေမှု အခြေအနေများအား လိုက်လံကြည့်ရှုရာ တာဝန်ရှိသူ များက ရှင်းလင်း တင်ပြကြသည်။

ထို့အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဇန်န၀ါရီ ၂၄ ရက်တွင် သာပေါင်း၊ အိမ်မဲနှင့် မြောင်းမြမြို့များအတွင်း နယ်မြေခံ တပ်များရှိ အိမ်ထောင်သည် ရဲမေများကို လည်းကောင်း၊ ဇန်န၀ါရီ ၂၅ ရက်တွင်လည်း ဓနုဖြူ၊ ကျုံပျော်၊ ကွင်းကောက်၊ မြန်အောင်နှင့် ဟင်္သာတမြို့များအတွင်း နယ်မြေခံတပ်များရှိ အိမ်ထောင်သည် ရဲမေများကို လည်းကောင်း ရင်းရင်းနှီးနှီး လိုက်လံ တွေ့ဆုံ အားပေးစကားများ ပြောကြားသည်။

တွေ့ဆုံပွဲများ အပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က နယ်မြေခံ တပ်များရှိ အိမ်ထောင်သည် ရဲမေများအတွက် ဂုဏ်ပြု ချီးမြှင့် ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်များအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်း ရရှိသည်။

 

Read 577 times Last modified on Friday, 26 January 2018 21:48