SJ WorldNews - шаблон joomla Авто

(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့တွင် လူဦးရေ ၃၅ဝဝ ခန့်ဖြင့် မြန်မာနိုင်ငံမြေပုံ ပုံဖော်၍ ကမ္ဘာ့ဂင်းနစ် စံချိန် တင်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်ပြုလုပ်

Tuesday, 13 February 2018 08:59 font size decrease font size decrease font size increase font size increase font size

မကွေး   ဖေဖော်ဝါရီ  ၁၂

(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ လူဦးရေ ၃၅ဝဝ ခန့်ဖြင့် မြန်မာနိုင်ငံမြေပုံ ပုံဖော်၍ ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ရန် ကြိုးပမ်းမှုတစ်ရပ် ပြုလုပ်ခြင်းကို မကွေးတိုင်း ဒေသကြီး မကွေးမြို့ ခရိုင်အားကစားကွင်း၌ ယနေ့နံနက်ပိုင်းတွင်Telenor Myanmar Ltd.. က ဦးဆောင် ကျင်းပခဲ့သည်။

မကွေးခရိုင်  အားကစားကွင်းအတွင်း၌ အလျား ၂၃၄ ပေ၊ အနံ ၁ဝ၆ ပေ၊ စတုရန်းပေ ၂၄၈ဝ၄ အတွင်း မြန်မာ နိုင်ငံမြေပုံသဏ္ဌာန်ကို လူဦးရေ ၃၅ဝဝကျော်ဖြင့် ပုံဖော်ကာ ၆ မိနစ်ငြိမ်သက်၍ နိုင်ငံတော် သီချင်း နှင့်အတူ ပုံဖော်ခြင်းကို နှစ်ကြိမ် ဆောင်ရွက်ခဲ့သည်။

မကွေးမြို့၌ပြုလုပ်သည့်   ကမ္ဘာ့ဂင်းနစ် စံချိန်တင်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်  Telenor Myanmar Ltd.. မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ''ဒီကနေ့ပြည်ထောင်စုနေ့ဟာ မြန်မာနိုင်ငံရဲ့   နေ့ထူး နေ့မြတ်ဖြစ် ပြီး  အဲဒီနေ့ရက်မှာ လူဦးရေ အများအပြားနဲ့ မြန်မာနိုင်ငံမြေပုံ သဏ္ဌာန်ပုံဖော်ကာ ဂင်းနစ် ကမ္ဘာ့စံချိန် သစ် တစ်ခုကို   တယ်လီနောမြန်မာက ဦးဆောင်ပြီး မြန်မာနိုင်ငံအတွက် သမိုင်း မှတ်တမ်းဝင် အောင်ဆောင် ရွက်ကြတဲ့  ဆောင်ရွက်မှုဖြစ်တယ်။ နိုင်ငံအတွင်း   မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား အားလုံး စုစည်း ခိုင်မာမှု အနေနဲ့ ဖော်ကျူးတဲ့ လုပ်ဆောင်ချက်တစ်ခုကို မကွေးတိုင်း ဒေသကြီးမှာ လက်ခံ ဆောင်ရွက် နိုင်တဲ့ အတွက်  ဝမ်းမြောက်ရတယ်။  မကွေးတိုင်း ဒေသကြီးကို  ကမ္ဘာ့အလယ်မှာ  ပိုမိုထင်ရှားလာစေမှာ    ဖြစ်တယ်လို့လည်း  ယုံကြည်တယ်''ဟုပြောသည်။

၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာ့ ဂင်းနစ်စံချိန်ကို  အာဖရိကတိုက် မြေပုံအား လူဦးရေ ၈၁၁ ဦးဖြင့် ပုံဖော်၍ နောက်ဆုံးတင် ထားခဲ့ခြင်းဖြစ်ပြီး ယင်းစံချိန်အား ချိုးနိုင်ရန်အတွက် မကွေးတိုင်း ဒေသကြီး  မကွေးမြို့၌ မြန်မာနိုင်ငံ မြေပုံကို လူဦးရေ ၃၅ဝဝခန့်ဖြင့် ပုံဖော်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဦးစီးဆောင်ရွက် နေသော  တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။                   

ဟံသာလင်း     

Read 57 times Last modified on Tuesday, 13 February 2018 09:23