SJ WorldNews - шаблон joomla Авто

ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်မည့် AFC Cup ပြိုင်ပွဲ အုပ်စုပွဲ ယနေ့စတင် ကျင်း ပမည်

Tuesday, 13 February 2018 09:23 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဖေဖော်ဝါရီ  ၁၂

မြန်မာကလပ် အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ၂ဝ၁၈ AFC Cup ပြိုင်ပွဲ အုပ်စု ပွဲစဉ်များကို ဖေဖော်ဝါရီ ၁၃ရက် (ယနေ့)တွင် စတင်ကျင်းပ မည်ဖြစ် သည်။

အုပ်စုပထမ နေ့အဖြစ် ညနေ ၄နာရီတွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက် (မြန်မာ) အသင်းနှင့် ဟုမ်းယူ နိုက်တက် (စင်ကာပူ) အသင်း၊ မွန်းလွဲ ၂ နာရီတွင် ဘာလီယူနိုက်တက် (အင်ဒိုနီးရှား)အသင်းနှင့် ရန်ကုန် (မြန်မာ) အသင်းတို့  ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

အုပ်စုခွဲဝေ ထားမှုအရ  ရှမ်းယူနိုက်တက်အသင်းသည်  အုပ်စု (F) တွင်  ဆီရက်စ် (ဖိလစ်ပိုင်)၊  ဟုမ်းယူ နိုက် တက်  (စင်ကာပူ)၊ အန်ကော (ကမ္ဘောဒီးယား)၊ ရန်ကုန်အသင်းသည် အုပ်စု (G) တွင် ထန်ဟွာ (ဗီယက်နမ်)၊ ဘာလီယူနိုက်တက်(အင်ဒိုနီးရှား)၊ ဂလိုဘယ် (ဖိလစ်ပိုင်)တို့နှင့် တစ်အုပ်စုတည်း ကျရောက် လျက်ရှိသည်။

အုပ်စုအနေအထား အရ နှစ်သင်းစလုံး နောက်တစ်ဆင့် တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ် ရှိနေပြီး ပွဲတိုင်းရလဒ်ကောင်းရန် လိုအပ်နေသည့်အာရှဘောလုံး အဖွဲ့ချုပ်၏ ပြိုင်ပွဲကျင်းပသည့် ပုံစံအရ အာဆီယံ ဇုန်တွင် အုပ်စု သုံးခုပါဝင်ပြီး ပထမနေရာရသည့်သုံးသင်းနှင့် အုပ်စုဒုတိယနေရာရ အသင်းများ အနက်    အကောင်းဆုံး အသင်းမှာ  အာဆီယံဇုန် ဆီမီးဖိုင်နယ်သို့  တက်ရောက်ခွင့် ရမည်ဖြစ်သည်။  

ရှမ်းယူနိုက်တက် အသင်းသည်  AFC  Cup ပြိုင်ပွဲတွင်  ပထမဆုံး ယှဉ်ပြိုင်ခွင့် ရခြင်းဖြစ်ပြီး ရန်ကုန် အသင်းမှာ ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့် ရခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက် အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက ''ကျွန်တော်တို့ အသင်းအနေနဲ့ ယှဉ် ပြိုင်ရတဲ့ပြိုင်ပွဲ တိုင်း မှာ   အောင်မြင်မှုရအောင် ယှဉ်ပြိုင်လေ့ရှိပါတယ်။ ပထမဆုံး ယှဉ်ပြိုင်ခွင့်ရတဲ့ AFC  Cup ပြိုင်ပွဲမှာ ရလဒ်ကောင်း ရဖို့ ကြိုးစားမှာပါ။ ပြည်တွင်းပြိုင်ပွဲ တွေမှာလည်း ပြိုင်ဘက် အသင်းတွေက လက်ရှိချန်ပီယံ အသင်းနဲ့   တွေ့ဆုံတာဖြစ်လို့  ပုံမှန်ထက်ပိုပြီး ကြိုးစား ကစားကြတဲ့အတွက်   ခက်ခက်ခဲခဲ ကစားနေရပါ တယ်။ အခုအဖွင့်ပွဲ ကစားရမယ့် ဟုမ်းယူနိုက်တက်အသင်း အကြောင်းကိုလည်း သေချာလေ့လာ ထားပါ တယ်။ သူတို့အသင်းက AFC Cup ပြိုင်ပွဲမှာ ရှစ်ကြိမ်အထိ ယှဉ်ပြိုင်ထားတာကြောင့် အတွေ့အကြုံ အများကြီးရှိ ပါတယ်။ မြန်မာကလပ် အသင်းတွေနဲ့လည်း တွေ့ဆုံဖူးတာကြောင့် သေချာပြင်ဆင်ပြီး ကစားမှာပါ။  အိမ်ကွင်းမှာ အကောင်းဆုံးရလဒ် ရရှိအောင် ယှဉ်ပြိုင်မှာပါ'' ဟုပြောသည်။                                                             

Read 76 times Last modified on Tuesday, 13 February 2018 09:57