SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei SASAKAWA အား လက်ခံတွေ့ဆုံ

Tuesday, 13 February 2018 12:37 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA အားယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နှင့်အတူအမှုဆောင် ဒါရိုက်တာ Mr. Yuji MORI နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေးရရှိရန် အတွက် တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေ များနှင့် ဂျပန်နိုင်ငံမှပါဝင်ကူညီဆောင်ရွက်ပေးမှု အခြေအနေများ၊ ငြိမ်းချမ်းရေး ရရှိပြီးဖြစ်သည့် နယ်မြေများတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် အတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန် အစိုးရ၏ အထူး ကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Read 73 times Last modified on Tuesday, 13 February 2018 12:50