SJ WorldNews - шаблон joomla Авто

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်လက်မှတ် ရေးထိုးခြင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကျင်းပ

Wednesday, 14 February 2018 08:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၃

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်လက်မှတ် ရေးထိုးခြင်း   ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို  ယနေ့ည    နာရီတွင်  နေပြည်တော်ရှိ   မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ ကျင်းပသည်။

ညစာစားပွဲသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊   ဒုတိယသမ္မတ  ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  ဦးလှသိန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ  ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ JMC-U အဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက ပင်လုံသစ္စာအက၊ မွန်တိုင်းရင်းသားရိုးရာ နတ်ကနားအက၊ လားဟူ တိုင်းရင်းသားရိုးရာ  ဘူးပလွေ မြေဝိုင်းအက၊  လားဟူလူမျိုး လူတိုင်းသိပါစေအက၊ မွန်တိုင်းရင်းသားရိုးရာ ဟင်္သာအကနှင့် သာစွမြန်မာပြည်(တိုင်းရင်းသားစုပေါင်းအက)တို့ဖြင့် ကပြဖျော်ဖြေကြသည်။

ညစာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့သည် မွန်ပြည်သစ်ပါတီနှင့်  လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖျော်ဖြေ တင်ဆက်ကြသည့် အနုပညာရှင်များအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

Read 444 times Last modified on Wednesday, 14 February 2018 08:33