SJ WorldNews - шаблон joomla Авто

MNA ၏ ရန်ကုန်- ဖူးခက်(ထိုင်း)- ရန်ကုန် ပဉ္စမမြောက် ခရီးစဉ် ပျံသန်းနိုင်ရန် ဆောင်ရွက်လျက်ရှိ

Thursday, 15 February 2018 06:49 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    ဖေဖော်ဝါရီ    ၁၄

မြန်မာအမျိုးသားလေကြောင်းလိုင်း MNA သည် ပဉ္စမမြောက် ပြည်ပ ခရီးစဉ်သစ် ရန်ကုန်- ဖူးခက်(ထိုင်း)-ရန်ကုန် ခရီးစဉ်ကို မတ် ၂၅  ရက်တွင် စတင်ပျံသန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက်တွင် ရန်ကုန်မြို့  ကမ်းနားလမ်းရှိ မြန်မာအမျိုးသား လေကြောင်းလိုင်းရုံး၌ ကျင်းပသော ခရီးစဉ်သစ် မိတ်ဆက်ပွဲမှ သိရသည်။

''မြန်မာအမျိုးသား လေကြောင်းလိုင်းက အပြည်ပြည် ဆိုင်ရာ လေယာဉ်ပျံသန်းမှု စံနှုန်းတွေနဲ့ အညီ ဝန်ဆောင်မှု ပေးနေတာကြောင့် စီးနင်းလိုက်ပါတဲ့ ခရီးသည်တွေအနေနဲ့စိတ်အေးချမ်းသာစွာနဲ့ လိုရာ ခရီးကို အမြန်ဆုံး ရောက်အောင် ပို့ဆောင်ပေးမှာပါ'' ဟု မြန်မာအမျိုးသား လေကြောင်းလိုင်း CEO ကပ္ပတိန် ဦးသန်းထွန်းက ပြောသည်။

အဆိုပါခရီးစဉ်အတွက် Embraer- 190/ ဘိုးရင်း 737- 800 NGကို အသုံးပြု ပျံသန်းမည်ဖြစ်ပြီး လိုက်ပါ စီးနင်းမည့် ခရီးသည်များအတွက်  လေယာဉ်ပျံသန်း နေချိန်တွင် ဖျော်ဖြေမှု စနစ်ကို ထည့်သွင်းထားမည် ဖြစ်သည်။  ထို့ပြင် Business  Class  အတွက် ဖန်သားပြင်မှ တစ်ဆင့် ရုပ်ရှင်၊  TV Show များ ကြည့်ရှုခြင်း၊ သီချင်း နားထောင်ခြင်း၊ ဖုန်း၊ Tablet၊ Computer များဖြင့် အင်တာနက် အခမဲ့ အသုံးပြု နိုင်ခြင်းနှင့် Premium Economy Class များတွင်လည်း အခမဲ့ ဝန်ဆောင်မှု ရယူနိုင်မည် ဖြစ်ကြောင်း  သိရသည်။ လေယာဉ် လက်မှတ်ခ အနေဖြင့် အသွား၊ အပြန် အမေရိကန် ဒေါ်လာ ၂၅ဝ ကျသင့် မည်ဖြစ်ပြီး Class သုံးမျိုးဖြင့် ဝယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်- ဖူးခက် (ထိုင်း)- ရန်ကုန်ခရီးစဉ် အချိန်များ အနေဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေ ဆိပ် Terminal (2) မှ မတ် ၂၅ ရက် ညနေ ၅ နာရီ ၅၅ မိနစ်တွင် စတင် ပျံသန်းမည်ဖြစ်သည်။ တစ်ပတ်လျှင် နှစ်ကြိမ် သောကြာနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ရန်ကုန်မှ  ညနေ ၅နာရီ ၅၅မိနစ်တွင် ထွက်ခွာ၍ ဖူးခက် (ထိုင်း) သို့ ဒေသစံတော် ချိန် ၂ဝနာရီ ၁၅မိနစ်တွင် ရောက်ရှိမည် ဖြစ်သည်။ ဖူးခက်  (ထိုင်း)မှ ဒေသစံတော်ချိန် ၂၁ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာ၍ ရန်ကုန်မြို့သို့ ၁ဝ နာရီ ၃၅ မိနစ်တွင် ရောက်ရှိ မည်ဖြစ်ကြောင်း သိရသည်။

MNA အနေဖြင့် ပြည်ပဘိုးရင်းခရီးစဉ်များကို  ၂ဝ၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး  ပထမ မြောက်အဖြစ်  စင်ကာပူ ခရီးစဉ်၊  ဒုတိယမြောက်အဖြစ် ဟောင်ကောင်ခရီးစဉ်၊ တတိယမြောက် အဖြစ် ဗန်ကောက်ခရီးစဉ်၊ စတုတ္ထ မြောက် အဖြစ် ချင်းမိုင်ခရီးစဉ်တို့ ပျံသန်းနေပြီဖြစ်၍ လေယာဉ် လက်မှတ်များကို www. flymna.com၊  ဖုန်း- ၉၅-၁၃၇၈၆ဝ၃ နှင့် ၉၅-၁၃၇၇၈၄ဝ တို့တွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း မြန်မာအမျိုးသား လေ ကြောင်းလိုင်းရုံး (ရန်ကုန်) မှ သိရသည်။     

မောင်မျိုး(ဧရာဝတီ)    

.................

Read 384 times Last modified on Thursday, 15 February 2018 08:26