SJ WorldNews - шаблон joomla Авто

ONE Championship ပြိုင်ပွဲ ရွှေခါးပတ်အတွက် ပြိုင်ဘက်၏ ဇာတိမြေတွင်ယှဉ်ပြိုင်ရမည်ကို ဘရာဇီးနိုင်ငံ သား Machado စိတ်အား တက်ကြွ

Thursday, 15 February 2018 08:38 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဖေဖော်ဝါရီ ၁၄

ရန်ကုန်မြို့တွင် မကြာမီ ကျင်းပမည့် ONE Championship ပြိုင်ပွဲ၌ ကမ္ဘာ့ချန်ပီယံ (ONE  Light Heavyweight World Championship) ယှဉ်ပြိုင်ထိုးသတ်မည့် ဘရာဇီးနိုင်ငံသား Alexandre ''Bebezao'' Machado သည် မြန်မာနိုင်ငံမှ ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမား အောင်လအန် ဆန်၏ ဇာတိမြေတွင် ယှဉ်ပြိုင်ထိုးသတ်ရမည့် အတွက်  စိတ်အား တက်ကြွလျက်ရှိကြောင်း  သိရသည်။

Machado သည် ပြည်ပပွဲစဉ်ငါးပွဲအနက် လေးပွဲအနိုင်ရရှိခဲ့သူဖြစ်ကြောင်း၊ ယခုအခါ  ဒေသခံ ပရိသတ်များ၏ အားပေးမှုကို ရရှိထားသည့် ပြိုင်ဘက်၏ ဇာတိမြေ မြန်မာနိုင်ငံတွင် ယှဉ်ပြိုင် ထိုးသတ်ရခြင်းသည် ၎င်းအတွက် ပထမဦးဆုံး အကြိမ်ဖြစ်ကြောင်း၊  Machado သည် ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲ အတွက်  အောင်လ အန်ဆန်နှင့် ငါးချီတိုင်တိုင် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကာ ဤအခွင့် အရေး သည် ၎င်းအနေဖြင့် ကမ္ဘာ့ အဆင့်မီ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားကောင်း တစ်ယောက် အဖြစ်  သက်သေပြနိုင်မည့် အခွင့်အရေးဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ အားလုံးကအားပေးချစ်ခင်ကြတဲ့ အောင်လအန်ဆန်လိုမျိုး  ချန်ပီယံတစ်ယောက်နဲ့ ထိုးသတ် ရမှာဖြစ်ပေမယ့် ကျွန်တော်လုံးဝမတုန်လှုပ်မိပါဘူး။                                    

ဒါကလွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ပေမယ့်လည်း ကျွန်တော်က ကမ္ဘာ့ချန်ပီယံ ဆုအတွက် ထိုက်တန် တဲ့ပြိုင်ဘက် အစစ်အမှန်ဖြစ်တယ် ဆိုတာကို သက်သေပြသွားမှာပါ။ ကိုယ်နေသားကျနေတဲ့ အခြေ အနေမျိုး နဲ့ပဲ အမြဲသက်သောင့် သက်သာ ယှဉ်ပြိုင်နေလို့တော့ မရဘူးပေါ့'' အောင်လအန်ဆန်ကို သူ့ပရိသတ် တွေက အရမ်းလေး စားကြပါတယ်။ ကျွန်တော်က ဘယ်လိုပြိုင် ဘက်မျိုးကိုမဆို ရင်ဆိုင် ယှဉ်ပြိုင်သွားမယ့် ကစားသမားကောင်း တစ်ယောက်ဖြစ်တယ်ဆိုတာ တစ်နိုင်ငံလုံးကို ပြသသွားမှာပါ။ ကမ္ဘာ့ ချန်ပီယံခါးပတ်ကိုသိမ်းပိုက်ပြီး ရန်ကုန်မြို့က နေပြန်နိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ''ဟု ခြေ့ေိသက ပြောသည်။

၂ဝ၁၂ ခုနှစ် မတ်လမှစ၍ Machado သည် ပြည်ပသို့ သွားရောက်ထိုးသတ်ခြင်းမရှိခဲ့ဘဲ ယခုရရှိထားသော ခါးပတ်ကို လေးပွဲတွင် ချုပ်ကွက်ဖြင့်၊ သုံးပွဲတွင် အလဲထိုးသတ်ခြင်းဖြင့် ကာကွယ်နိုင်ခဲ့သည်။ ဘရာဇီး လူမျိုးဂျူဂျစ် ဆုခါးပတ်နက်ပိုင်ရှင် Machado သည် လက်ရှိတွင် ၈-၂ ပရော်ဖက်ရှင်နယ်မှတ်တမ်း ရရှိ ထားပြီး လာမည့်ဝမ်း ချန်ပီယံရှစ် ကြိုးဝိုင်းသို့ ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်။ နောက်ဆုံးယှဉ်ပြိုင် ထိုးသတ်ပွဲတွင် Machado သည်  ကင်မရွန်း ဟဲဗီးဝိတ်တန်းကစားသမား Alain Ngalani ကို ဒုတိယ အချီ ဒိုင်ပွဲရပ် အနိုင်ရခြင်းဖြင့် အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။ 

အောင်လအန်ဆန်သည် ၂ဝ၁၇ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်လာခြင်းဖြင့်    သမိုင်း တွင် စေခဲ့သည်။

အများဆုံးအနိုင်ရအောင်ပွဲများဖြင့် မစ်ဒယ် ဝိတ်တန်းသမိုင်းတွင် မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြင့် ONE   Championship ပြိုင်ပွဲ၏ ဝိတ်တန်းလွတ် စူပါယှဉ်ပြိုင်ကစားပွဲ (Open-Weight Super Match) တွင် ယှဉ်ပြိုင်ခွင့် ရခဲ့သူဖြစ်ပြီး ၂ဝ၁၈ခုနှစ်တွင် နောက်တစ်ကြိမ် သမိုင်းတွင်စေမည့် အခွင့်အရေးကို ရရှိလိုက်ပြီ ဖြစ်သည်။ အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကို ရယူနိုင်ခဲ့မည်ဆိုပါက ဝမ်းချန်ပီယံရှစ် သမိုင်း တစ်လျှောက်တွင် ရှားပါးစွာ ကမ္ဘာ့ချန်ပီယံ နှစ်ထပ်ကွမ်း ရရှိထားသည့် Martin  ''The Situ-Asian'' Nguyen နှင့်  အတူ ရပ်တည်သွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

ဝန်းရံခ

       

Read 423 times Last modified on Thursday, 15 February 2018 08:38