SJ WorldNews - шаблон joomla Авто

တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲများ သတ္တမနေ့ ဆက်လက် ကျင်းပ

Thursday, 15 February 2018 08:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

(၇၃)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၅)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ သတ္တမနေ့ (ဂ)အဆင့်ပြိုင်ပွဲများကို ယနေ့တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း  စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပ ပြုလုပ်သည်။

ဦးစွာ နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု  အမှတ်(၁)တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂)တပ်ခွဲစစ်တီးဝိုင်း အသင်း၊ အမှတ်(၆)စစ်အခြေခံ လေ့ကျင့်ရေး တပ်ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁) တပ်ခွဲ စစ်တီးဝိုင်း အသင်းနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂) တပ်ခွဲ စစ်တီးဝိုင်း အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။      

ထို့နောက် မွန်းလွဲပိုင်းတွင် အမှတ်(၅) စစ်အခြေခံ လေ့ကျင့်ရေးတပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ အမှတ်(၄) စစ်အခြေခံ လေ့ကျင့်ရေးတပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် နေပြည်တော်တိုင်း စစ်ဌာ နချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲ စစ်တီးဝိုင်း အသင်းတို့ အသီးသီး ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိ သည်။

Read 400 times Last modified on Thursday, 15 February 2018 08:58