SJ WorldNews - шаблон joomla Авто

လူဦးရေ ၃၄၆၆ ဦးဖြင့်ပုံဖော်ခဲ့သော မြန်မာနိုင်ငံမြေပုံကို ဂင်းနစ်အဖွဲ့က ကမ္ဘာ့စံချိန်သစ်အဖြစ် သတ်မှတ်

Thursday, 15 February 2018 08:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    ဖေဖော်ဝါရီ    ၁၄

ဖေဖော်ဝါရီ ၁၂ ရက် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့က မကွေးမြို့ ခရိုင်အားကစားကွင်း၌ လူဦးရေ ၃၄၆၆ဦးဖြင့် ပုံဖော်ခဲ့သည့် မြန်မာနိုင်ငံမြေပုံကို ဂင်းနစ်အဖွဲ့က ကမ္ဘာ့စံချိန်သစ် အဖြစ် သတ်မှတ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Telenor Myanmar က ဦးဆောင်ပြီး  မကွေးမြို့မှ ဒေသခံ ပြည်သူများ၊ တက္ကသိုလ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာနိုင်ငံမြေပုံကို ပုံဖော်ပြီး ကမ္ဘာ့ စံချိန်ချိုးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

စတုရန်းပေ ၂၄၈ဝ၄ အကျယ်ရှိသည့် မြန်မာနိုင်ငံ မြေပုံ ပုံဖော်ခြင်းနှင့် ပတ်သက်ပြီး ကမ္ဘာ့စံချိန်ချိုးနိုင်ခြင်း ရှိ၊ မရှိကို ၄၈ နာရီအတွင်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဂင်းနစ်အဖွဲ့က ကမ္ဘာ့ စံချိန်သစ် တင်ကြောင်း အသိအမှတ်ပြု လိုက်ခြင်းဖြစ်သည်။

မူလတင်ထားသည့် ကမ္ဘာ့စံချိန်က ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် လူဦးရေ ၈၁၁ ယောက်ဖြင့် အာဖရိက တိုက် မြေပုံကို ပုံဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Telenor Myanmar က ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ လူဦးရေ ၃၄၆၆ ဦးဖြင့် မြန်မာနိုင်ငံမြေပုံ ပုံဖော်၍ ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်ပြုလုပ်ခြင်းကို ဦးဆောင် ကျင်းပ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Read 326 times