SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့၏ တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ကူးတို့ဆိပ် အနီး၌ ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရန် Master Plan ရေးဆွဲလျက်ရှိ

Tuesday, 13 March 2018 08:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    မတ်    ၁၂

ရန်ကုန်မြို့၏တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ကူးတို့ဆိပ်အနီး၌ ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရန်  Master Plan ရေးဆွဲလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

''ဒလချယ်ရီကူးတို့ဆိပ်အနီး ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးက ပိုင်ဆိုင်တဲ့ မြေကွက်ကို ကားဂိတ်ဝင်း အဖြစ် အသုံးပြုခွင့် ရရှိဖို့ ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ  ကားဂိတ် တွေကို စနစ်တကျ ဆောင်ရွက်ပေးဖို့အတွက် Master Plan တစ်ခုကိုလည်း ရေးဆွဲလျက်ရှိပါတယ်''ဟု ရန်ကုန်တိုင်း ဒေသကြီး  လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့ကိုအခြေပြုကာ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့တို့သို့    မော်တော်ယာဉ်များ ပြေးဆွဲလျက် ရှိသော်လည်း CNG ဆိုင်များ မရှိခြင်းကြောင့် ယာဉ်ကြီးများ ပြေးဆွဲရန် အခက်အခဲ များရှိနေပြီးဒီဇယ်ဖြင့် ပြေးဆွဲပါကလည်း  တွက်ခြေကိုက်ခြင်း မရှိသည့်အတွက် လတ်တလော တွင် ယာဉ်လတ်နှင့် ယာဉ်ငယ်များဖြင့်သာ ပြေးဆွဲလျက်ရှိကြောင်း၊ နောက်ပိုင်းတွင် ယာဉ်ကြီးများ ပြေးဆွဲ ပေးရန်   စီစဉ်လျက် ရှိကြောင်း သိရသည်။

လတ်တလောတွင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ် များ၌ ယာဉ်လတ်၊ ယာဉ်ငယ်အများစု ပြေးဆွဲ လျက်ရှိပြီး YRTA ၏ စီမံခန့်ခွဲမှုအောက်တွင် ဒလမှ တွံတေးမြို့သို့ YBS - 48 ယာဉ်လိုင်း၊ ဒလမှ ကော့မှူး၊ ကွမ်းခြံကုန်းမြို့များသို့ YBS -50 ယာဉ်လိုင်းများဖြင့် ပြေးဆွဲ ပေးလျက်ရှိကာ Taxi ယာဉ်များအား City Taxi ယာဉ်များ အဖြစ် မှတ်ပုံတင်၍ ပြေးဆွဲပေးလျက်ရှိသည်။

ဒလမြို့နယ်သည် ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့၏ မော်တော်ယာဉ်လမ်း ကြောင်းဖြင့် ဆက်စပ်လျက်ရှိသော မြို့နယ်ဖြစ်သည့် အတွက် ရန်ကုန်တိုင်းဒေသကြီး ဒလကို အခြေပြု၍ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေးမြို့များသို့ ပြေးဆွဲခွင့်ပြုထားသည့်ယာဉ်လိုင်း ခြောက် လိုင်း၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ မအူပင်မြို့များသို့ ပြေးဆွဲခွင့်ပြု ထားသည့် ယာဉ်လိုင်း ၁၄ လိုင်းရှိကြောင်း သိရသည်။

ဝန်းရံခ

Read 469 times Last modified on Tuesday, 13 March 2018 08:49