SJ WorldNews - шаблон joomla Авто

မြန်မာ နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား ပုဂ္ဂလိကနှင့် အစိုးရ ကဏ္ဍများတွင် စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုမြှင့်တင်နိုင်ရေး ဆွေးနွေး

Tuesday, 13 March 2018 09:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၂

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် သည် ဂျပန်နိုင်ငံ Japan Business Federation (Keidanren)၏ ဒုတိယ ဥက္ကဋ္ဌ၊ Japan-Myanmar Economic Committeeof  Keidanren ၏ ဥက္ကဋ္ဌနှင့် Mitsubishi Corporation ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Mr.  Ken  KOBAYASHI နှင့်  Japan-Myanmar  Economic Committee  of  Keidanren  ၏ ဥက္ကဋ္ဌ Marubeni Corporation ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Mr.  Teruo   ASADA တို့ ဦးဆောင်သည့် အဖွဲ့ဝင် ၃ဝ ပါ ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင်  နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ လက်ခံ တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့အကြား ပုဂ္ဂလိကနှင့် အစိုးရ ကဏ္ဍများတွင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု တိုးတက်ရေးအတွက်  အဓိကကျသော လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေးအပြင်  မြန်မာနိုင် ငံ၏ အခြေခံ အဆောက်အဦနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ဆွေး နွေး ကြသည်။           

တွေ့ဆုံပွဲသို့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသာဦး၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင် ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်၊ မြန်မာ နိုင်ငံဆိုင်ရာ  ဂျပန် သံအမတ်ကြီး   Mr. Tateshi Higuchi နှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ကြသည်။

ထို့ပြင် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် တာဝန် ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး မစ္စတာ မိုဟာမက် ဟာနဖ်ဘင် အဗ္ဗဒူလာ ရာမန်အား နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် နေပြည် တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရသည်။

Read 225 times Last modified on Tuesday, 13 March 2018 09:05