SJ WorldNews - шаблон joomla Авто

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးမှ တရားရေးဆိုင်ရာ လစ်လပ်ရာထူး ငါးနေရာအတွက် စိတ်ဝင်စား သူများ လျှောက်ထားနိုင်

Wednesday, 14 March 2018 08:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်    ၁၃

United Nations Dispute Tribunal (UNDT)နှင့် United  Nations Appeals Tribunal (UNAL) တို့တွင် တရားရေး ဆိုင်ရာ လစ်လပ်ရာထူး ငါးနေရာအတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ အရည်အချင်း ပြည့်မီ သော နိုင်ငံသားများ လျှောက်ထားနိုင်ကြောင်း သိရသည်။

လိုအပ်သည့် တရားရေးဆိုင်ရာ အတွေ့အကြုံများနှင့်  နယ်ပယ်များအပြင် ဘာသာ စကား တတ်ကျွမ်းမှု လိုအပ်ချက် တို့ကို တင်ပြလျက်  ယှဉ်ပြိုင် လျှောက်ထားလာသော    တရားသူကြီးများအား Internal Justice Council ၏ ထောက်ခံချက်ဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံက ရွေးချယ် သွားမည်ဖြစ် ကြောင်းသည်။

ထိုတရား ရေးဆိုင်ရာ လစ်လပ်ရာထူး နေရာများတွင် အငြိမ်းစား တရားသူကြီးများလည်း လျှောက်ထား နိုင်ကြောင်းသိရပြီး http:\\www.un.org\en\oaj\unjs\docs\judical Vacancy  EN. pdf တွင် လိုအပ် သည့် အချက်အလက်များကို ဝင်ရောက်ကြည့်ရှု နိုင်ပြီး စိတ်ဝင်စားသူများသည် internal  justice council application @un.org သို့ မတ် ၃၁ ရက် နောက်ဆုံး ထားလျှောက်ထားနိုင်ကြောင်း သိရသည်။

Read 492 times Last modified on Wednesday, 14 March 2018 08:20