SJ WorldNews - шаблон joomla Авто

မြောင်းမြ ကြိုးတံတား ပြုတ်ကျ သွားမှုကြောင့် ခရီးသွားလာမှု အခက်အခဲ ဖြစ်ပေါ် လျက်ရှိသော ခရီးသည်များနှင့် ကုန်စည်များအား တပ်မတော်(ရေ)မှ ကမ်းထိုး ရေယာဉ်များဖြင့် ကူညီပို့ဆောင်

Saturday, 14 April 2018 19:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ - ၁၄

ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ သံမဏိကြိုးဆိုင်းများ ပြုတ်၍ မြောင်းမြမြစ် အတွင်းသို့ ပြုတ်ကျ သွားသော မြောင်းမြ ကြိုးတံတားအား ပြန်လည် ဆယ်တင်ခြင်း လုပ်ငန်းများကို ဧပြီ ၁၁ ရက်မှ စ၍ ရေတပ်ပင်မ ရေငုပ်နှင့် ဆယ်ယူရေးတပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်များမှ အရာရှိ၊ စစ်သည်များ၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့မှ ပူးပေါင်း၍ မြောင်းမြ ကြိုးတံတား ဆယ်ယူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင်လည်း လပ္ပတ္တာ-ရန်ကုန်၊ မြောင်းမြ-ရန်ကုန်၊ မြောင်းမြ-ပုသိမ် ခရီးစဉ်၌ အခက်အခဲ ဖြစ်ပေါ်လျက်ရှိသော ခရီးသွား ပြည်သူများ ခရီးသွားလာမှု လွယ်ကူ မြန်ဆန်စေရေးနှင့် ကုန်စည် စီးဆင်းမှု အဆင်ပြေ ချောမွေ့စေရေး အတွက် တပ်မတော်(ရေ)မှ ကမ်းထိုး ရေယာဉ်များဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Read 382 times Last modified on Saturday, 14 April 2018 20:00