SJ WorldNews - шаблон joomla Авто

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရေကစားမဏ္ဍပ် များသို့ သွားရောက် ကြည့်ရှု အားပေး

Sunday, 15 April 2018 21:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ - ၁၅

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန် အကြတ်နေ့ ဖြစ်သော ယနေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အတွင်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၀န်း အတွင်းရှိ ရေကစားမဏ္ဍပ်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ရေကစားမဏ္ဍပ်၊ တပ်မတော် ဆေးရုံကြီးရှေ့ရှိ ရေကစားမဏ္ဍပ်၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ရှေ့ရှိ ရေကစား မဏ္ဍပ်များ၌မိသားစုသင်္ကြန်ယိမ်း အကအဖွဲ့များ၊ အနုပညာရှင်များ၊ တေးသံရှင်များ က တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြ ဖျော်ဖြေကြကာ စတုဒိသာ အကျွေးအမွေး များဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးကြသည်။

ထို့အတူ ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ လိုက်ပါ၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်၌ မဟာသင်္ကြန် ရေသဘင်ပွဲတော်အား ပါဝင် ဆင်နွှဲကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် အမျိုးသမီးအရာရှိ ယိမ်းအကအဖွဲ့နှင့် အမျိုးသမီးစစ်သည် ယိမ်းအကအဖွဲ့ အပါအ၀င် မိသားစုသင်္ကြန်ယိမ်း အကအဖွဲ့များ၊ အမျိုးသား အရာရှိ/စစ်သည် Dancer အဖွဲ့၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ ရဲတီးဝိုင်း အမျိုးသမီးတပ်ဖွဲ့နှင့် အမျိုးသမီး ယိမ်းအကအဖွဲ့၊ အနုပညာရှင်များနှင့် တေးသံရှင်များ၏ ယိမ်းအကများ၊ တေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေမှုများကို ကြည့်ရှု အားပေးကြပြီး ယိမ်းအက အဖွဲ့များအား ဂုဏ်ပြု ဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။

ယနေ့ ညနေပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းရှေ့ရှိ ရေကစား မဏ္ဍပ်နှင့် ဇေယျာသီရိ ကုန်တိုက်အနီးရှိ ရေကစားမဏ္ဍပ် တို့တွင်လည်း မဟာသင်္ကြန် အတာ ရေသဘင်ပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပလျက် ရှိရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ နှင့်အတူ သွားရောက်ကြည့်ရှု အားပေးကြပြီး ပါဝင် ဆင်နွှဲကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် မဏ္ဍပ်များအလိုက် ကပြဖျော်ဖြေခဲ့ကြ သော ယိမ်းအက အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Read 291 times Last modified on Monday, 16 April 2018 08:19