SJ WorldNews - шаблон joomla Авто

ဧရာဝတီမြစ်၊ မြေနုကျွန်းကျေးရွာများရှိ ဒေသခံ ပြည်သူများအား သာသနာ့ဘောင်သို့ သွတ်သွင်း ချီးမြှင့်သည့် အလှူမင်္ဂလာ ပြုလုပ်

Monday, 16 April 2018 09:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ ၁၅

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ကြီးမှူးပြုလုပ်သည့် ဧရာဝတီမြစ်၊ မြေနုကျွန်း ကျေးရွာများရှိ ဒေသခံပြည်သူများအား ရဟန်း၊သာမဏေများအဖြစ် သာသနာ့ဘောင်သို့ သွတ်သွင်း ချီးမြှောက်သော အလှူတော်မင်္ဂလာကို ဧပြီ ၁၄ ရက်နှင့် ယနေ့တွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ မဟာဓမ္မိကာရာ ရွှေကျင်တိုက်မကြီး၌ ပြုလုပ်သည်။

ဦးစွာ သာသနာ့ဘောင်သို့ ၀င်ရောက်မည့် ဧရာဝတီမြစ်၊ မြေနုကျွန်းကျေးရွာများ ဖြစ်သည့် မတ္တရာမြို့နယ်၊ မိုးကြိုးစံပြကျေးရွာမှ ရဟန်းလောင်း ၈ ပါး၊ ရှင်သာမဏေ ၆၃ ပါး၊ သဲကျွန်းကျေးရွာမှ ရှင်သာမဏေ ၁၀ ပါး၊ ရွာတန်းရှည်ကျေးရွာမှ ရှင်သာမဏေ ၁၂ ပါး၊ စစ်ကိုင်းမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာမှ ရှင်သာမဏေ ၁၅ ပါး၊ စုစုပေါင်း ရဟန်းလောင်း နှင့် ရှင်သာမဏေ ၁၀၈ ပါးအား ဧပြီ ၁၄ ရက်နံနက်ပိုင်းတွင် စက်လှေများ၊ မော်တော်ယာဉ်များဖြင့် ပင့်ဆောင်၍ ညနေပိုင်းတွင် မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၌ မဟာဓမ္မိ ကာရာမ ရွှေကျင်တိုက်မကြီး၏ ဦးစီးပဓာနဆရာတော် တက္ကသီလာ မဟာဓမ္မာစရိယ (M.A) အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တထုတိဝရ အမှူးပြုသော သံဃာတော်များက ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ဆံချမင်္ဂလာပြုလုပ်ခြင်း၊ ကာသာယစ္ဆာဒနာ သင်္ကန်းဝတ်ခြင်း နှင့် သာရဏဒါန သရဏဂုံပေးခြင်း မင်္ဂလာများ ပြုလုပ်ကြသည်။

ထို့နောက် ယနေ့နံနက်ပိုင်းတွင် သံဃာတော်များအား တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက သိမ်ဆင်းလောင်းလှူ ပူဇော်ကြသည်။ ဆက်လက်၍ အလှူတော်ရေစက်ချ မင်္ဂလာကိုပြုလုပ်ရာ တက်ရောက်လာကြသူများက မန္တလေးတိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပတ္တမြားကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဇောတာဘိသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

Read 40 times Last modified on Monday, 16 April 2018 09:38