SJ WorldNews - шаблон joomla Авто

အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ် အတွင်းရှိ လေဘေးသင့်ကျေးရွာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်

Friday, 20 April 2018 08:36 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် အတွင်း ဧပြီ ၁၈ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ရာ    စစ်ကုန်း ကျေးရွာအုပ်စု၊ သဒ္ဓမ္မကျွန်း ကျေးရွာရှိ ဘုန်း တော်ကြီးကျောင်းသုံးကျောင်း၊  ဆေးပေးခန်းတစ်ခန်း၊  စာသင်ကျောင်းတစ်ကျောင်းနှင့် နေအိမ် ၂၇၅ လုံးတို့ အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ် ၄၅ လုံး ပြိုကျ ပျက်စီးခဲ့သည်။

အဆိုပါကျေးရွာသို့  အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍  ဒေသခံပြည်သူများ နှင့်အတူ ပြိုကျပျက်စီးနေသော နေအိမ်များအား ဖယ်ရှားရှင်းလင်းခြင်း၊ သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ဖယ်ရှား ရှင်းလင်းခြင်း၊ ပစ္စည်းများ ပြောင်းရွှေ့ပေးခြင်း၊ နေအိမ်ပျက်စီးသွားသည့် မိသားစုများအား နီးစပ်ရာ ဆွေမျိုးများ ထံသို့ ပြောင်းရွှေ့ပေးခြင်းများ ကူညီဆောင် ရွက်ပေးသည်။

အလားတူ မြန်အောင်မြို့နယ်အတွင်းဖြစ် ပွားခဲ့သည့် လေပြင်း တိုက်ခတ်မှုများကြောင့် ရိုက်ကျေးရွာရှိ နေအိမ် ၆၂လုံး အမိုးလန်ပျက်စီး၍ နေအိမ် ၁၃လုံး ပြိုကျပျက်စီးမှု များဖြစ်ပေါ်ခဲ့ရာ နယ်မြေခံ တပ်မတော် သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 110 times Last modified on Friday, 20 April 2018 08:38