SJ WorldNews - шаблон joomla Авто

မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ကျေးရွာရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်

Friday, 20 April 2018 09:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ  ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက် ကျပ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူ များအား ယနေ့တွင် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က အဆိုပါကျေးရွာရှိ ပညာအလင်းပြ ပရိယတ္တိ စာသင်တိုက်၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊   နှလုံးရောဂါနှင့်  အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ ၁၇၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများအား စစ်တွေမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ်စိုးတင့်နိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု ၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူး နှင့်အဖွဲ့ဝင် များသည် ပညာအလင်းပြ ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တမဟိန္ဒအား ဖူးမြော်ကာ သင်္ကန်းနှင့်အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 139 times Last modified on Friday, 20 April 2018 09:44