SJ WorldNews - шаблон joomla Авто

(၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသား ဘော်လီဘောအသင်း ဝင်ရောက် ယှဉ်ပြိုင်မည်

Monday, 23 April 2018 09:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဧပြီ   ၂၂

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုး သား ဘော်လီဘော အသင်း ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ အမျိုးသား ဘော်လီဘော အသင်းသည်  မူလက အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့်  အားကစားနည်း များတွင် ပါဝင်ခြင်း မရှိသော်လည်း ထပ်တိုးအနေဖြင့်  ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့ကြောင့် အာရှအား ကစား ပြိုင်ပွဲ၌   မြန်မာနိုင်ငံမှ အားကစားနည်း ခုနစ်မျိုးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝူရှူး၊ ဘောလုံး၊ ပိုက် ကျော်ခြင်း၊ သေနတ်ပစ်၊ မြားပစ်၊ လှေလှော်နှင့် ဘော်လီဘောပြိုင်ပွဲတို့တွင်  ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါ  အားကစားနည်းများအနက် အားကစားနည်း တချို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကုန်ကျ စရိတ်ဖြင့် သွားရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။     

ယင်းအားကစားနည်းများအနက် အမျိုးသား ဘောလုံးအသင်းသည် အာရှ အားကစားပြိုင်ပွဲ၌ နှစ်ပေါင်း  ၂ဝ  ကျော်ကြာမှ တစ်ကျော့ပြန် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး မြားပစ်အဖွဲ့မှာ ကိုယ်ပိုင်စရိတ်ဖြင့် သွားရောက်ယှဉ်ပြိုင်မည် ဖြစ် ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ၂ဝ၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရခဲ့သည့် ပိုက် ကျော်ခြင်း၊ ဝူရှူးနှင့် သေနတ်ပစ်အဖွဲ့တို့ကို ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ပြီး ကျန်အားကစား နည်းများမှာ ထပ်တိုး လာခြင်း ဖြစ်သည်။ အမျိုးသား ဘော်လီဘောအသင်းသည် ၂ဝ၁၄ ခုနှစ်ပြိုင်ပွဲတွင်  အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

မြန်မာအားကစားအဖွဲ့သည် ၂ဝ၁၄ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပသည့် (၁၇)ကြိမ်မြောက် အာရှအား ကစားပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ပြီး ဆုတံဆိပ် အားလုံးကို မြန်မာ ပိုက်ကျော်ခြင်းအသင်းက ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာပိုက်ကျော်ခြင်းအသင်းသည် နှစ်ယောက်တွဲ အမျိုးသား နှင့်  အမျိုးသမီးပြိုင်ပွဲတွင်  ရွှေတံဆိပ်ဆုရယူနိုင်ပြီး ငွေတံဆိပ်ဆုကို အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲနှင့်   ကြေးတံဆိပ် ဆုကို အမျိုးသားသုံးယောက်တွဲပြိုင်ပွဲမှ ရရှိခဲ့ခြင်းဖြစ်သည်။

Read 93 times Last modified on Monday, 23 April 2018 09:29