SJ WorldNews - шаблон joomla Авто

REEN ISLAND သောင်တူး သင်္ဘောကြီးဖြင့် ရန်ကုန်မြစ်တွင်း အကြီးစား သောင်တူးခြင်း လုပ်ငန်းစတင်

Wednesday, 16 May 2018 07:29 font size decrease font size decrease font size increase font size increase font size

ရန်ကုန်     မေ    ၁၅

ရန်ကုန်မြစ်ကိုအခြေပြု၍ အဓိကအချက်အချာကျရာဆိပ်ကမ်းများသို့ တန်ချိန်များသော ကုန်တင်သင်္ဘောကြီးများ ဝင်/ထွက်သွား လာနိုင်ရန်အတွက် REEN  ISLAND သောင်တူး သင်္ဘောကြီးဖြင့် အကြီးစား သောင်တူးခြင်း လုပ် ငန်းကို ယနေ့ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ  ရေကြောင်းမှူးချုပ် ဦးအောင် ကျော်ထူး ထံမှ သိရသည်။

 ''ဒီသောင်တူး သင်္ဘော REEN  ISLAND ရန်ကုန် သီလဝါ ဆိပ်ကမ်းကို မေ ၁၄ ရက် မွန်းလွဲပိုင်းက စတင် ဝင် ရောက် လာပါတယ်။

စင်ကာပူနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ လှည့်လည်တူးပြီး မြန်မာနိုင်ငံကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ သောင်တူးခြင်း လုပ်ငန်းကို တစ်လ ခွဲခန့်လောက် ဆောင်ရွက်သွားဖို့ ရှိပါတယ်။

အဓိကတူးမယ့် နေရာနှစ်ခုကတော့ အပြင်စည်းခုံလို့ ခေါ်တဲ့ ရေတိမ်ပိုင်းနေရာနဲ့  အတွင်းစည်းခုံလို့ ခေါ်တဲ့ ရေတိမ် နေရာတွေပါ။ အပြင် စည်းခုံဆိုတာကတော့ ရန်ကုန်မြစ်ပေါက်ကြီးရဲ့အပြင်ဘက်နားမှာ ရှိပါတယ်။ အတွင်းစည်းခုံ ကတော့ ရန်ကုန်သံလျက်စွန်း နားမှာ ရှိပါတယ်'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းမှူး ချုပ် ဦးအောင်ကျော်ထူးက ပြောသည်။

အတွင်းစည်းခုံနေရာသည် ပုဇွန်တောင်ချောင်းနှင့် ရန်ကုန်မြစ်တို့ ပေါင်းဆုံရာနေရာ ဖြစ်ခြင်းကြောင်း  နုန်းအနည် ပို့ချမှု များပြီး နွေရာသီကာလအတွင်း ရေစူးအနက် ၃ မီတာ ကျော်မျှသာ ရှိကြောင်း၊   မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်က ပိုင်ဆိုင်သော   သောင်တူး သင်္ဘော အငယ်စားဖြင့် အမြဲမပြတ် စောင့်ကြည့်ပြီး တူးဖော်ပေးနေရသော နေရာ ဖြစ်ကြောင်း သိရသည်။

 ရန်ကုန်မြစ်အတွင်း ရေစူးအနက် ၉ မီတာရှိ သင်္ဘောကြီးများ ဝင်ထွက်နိုင်ရန်ခွင့်ပြု ထားသော်လည်း ရေလမ်း ကြောင်း တဖြည်းဖြည်း တိမ်ကောလာမှုကြောင့် ဒီရေတက်ချိန်ကို စောင့်ပြီး ဝင်ထွက်သွားလာ နေရသဖြင့် မျှော်မှန်းထားသလောက် ခရီးတွင်မှု အားနည်းလျက်ရှိသည်။ ရန်ကုန်မြစ်ကြောင်း အတွင်းသို့ နေ့စဉ် သင်္ဘော ဝင်ရောက်မှု ၂၅ဝ မှ ၃ဝဝ ကြားရှိသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ရန်ကုန်မြစ် အတွင်းရေစူး ၉  မီတာအနက်ရှိ ကုန်တင် သင်္ဘောကြီးများ အဆင်ပြေ ချော မွေ့စွာဝင် ထွက်သွားလာနိုင်ရေး သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် လွန်ခဲ့သောတစ်နှစ် ခွဲကာလမှစပြီး တင်ဒါခေါ်ယူ ခဲ့ကြောင်း၊ STAR HIGH ASIA PACIFIC LTD က တင်ဒါအောင်ပြီး  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် စာချုပ်ကာ လုပ်ငန်း အပ်နှံ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စာချုပ်အရ   တင်ဒါအောင် ကုမ္ပဏီက သင်္ဘောငှားရမ်းခေါ်ယူကာ လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊   တစ်နှစ်စာ စာချုပ်အရ လုပ်ငန်းဆောင်ရွက်မှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းကုန်ကျ မည်ဖြစ်ကြောင်း၊ ၎င်းကုမ္ပဏီက ယခုနှစ်မှ စတင်၍ ငါးနှစ်ကြာ ရန်ကုန်မြစ်အတွင်းသောင်တူးခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ရရှိထားပြီး စာချုပ်ကို တစ်နှစ်တစ်ခါ ချုပ်ဆို၍ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ယခုသောင်တူးခြင်း လုပ်ငန်းတွင်  အတွင်း စည်းခုံကို ၄ ဒသမ ၇ မီတာအနက်တူးပြီး အပြင်စည်းခုံကို    မီတာ အနက်တူးပေးကာ ရေလမ်းကြောင်း တစ်လျှောက်    မီတာ အနက်ရှိသင်္ဘောကြီးများ နေ့စဉ်ဝင်ထွက်သွား လာနိုင်အောင်  စီစဉ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြစ်ကြောင်း အတွင်းရေစူးနက်သော ကုန်တင်သင်္ဘောကြီးများ ပိုမိုသွား လာနိုင်ခြင်းဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ပိုမို မြန်ဆန်လာမည် ဖြစ်ကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ) 

 

Read 45 times Last modified on Wednesday, 16 May 2018 08:11