SJ WorldNews - шаблон joomla Авто

KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က မိုးကောင်းဘူတာနှင့် ထိုပူးဘူတာအကြားရှိ မီးရထားလမ်းများအား မိုင်းထောင်ဖျက်ဆီး

Wednesday, 16 May 2018 23:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ မေ - ၁၆

ကချင်ပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် KIA အကြမ်း ဖက်သောင်းကျန်း သူအဖွဲ့သည် မေ ၁၅ ရက် ည ၁၁ နာရီ ၂၀ မိနစ်တွင် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပေါ်ရှိ မိုးကောင်းဘူတာနှင့် ထိုပူးဘူတာအကြား (မိုင်တိုင် အမှတ်၊ ၆၈၂/၁နှင့် ၆၈၂/၂ အကြား) မီးရထားသံလမ်းတံတား အမှတ်၊ ၆၆၂ အား မိုင်းထောင်ဖောက်ခွဲခဲ့ရာ သံလမ်းတံတားရှိ အုတ်ခုံ ၄ ပေခန့်ပွင့်ထွက်၍ တံတားသံဘောင် ကျိုးထွက်ကာ သံဘောင်မှာ ၄ ပေခန့် ကွေးသွားခဲ့သည်။

အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးအဖွဲ့ဝင်များက အသေးစိတ်ရှင်းလင်းမှုများ ဆောင်ရွက် ခဲ့ရာ မိုင်တိုင်အမှတ်၊ ၆၈၄/၁၈ နှင့် မိုင်တိုင်အမှတ်၊ ၆၈၄/၁၉ ကြားရှိ မီးရထားသံလမ်းတံတား အမှတ်၊ ၆၆၅ တွင်လည်း မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးထားသည်ကို တွေ့ရှိရသည်။ မိုင်းပေါက်ကွဲမှုကြောင့် သံလမ်းတံတားအုတ်ခုံ ၄ ပေ ခန့် ပဲ့ထွက်၍ သံလမ်းဘောင် အနည်းငယ်ကွေးသွားကာ တံတားဘောင်ဘယ်၊ ညာပဲ့ထွက်သွားခဲ့ပြီး ၎င်းနေရာ၌ မိုင်းထောင်ရာတွင် အသုံးပြုသော ရီမုဆားကစ်အိမ် ၂ ခုနှင့် ယမ်းထုတ် ၁ ထုတ်တို့ကို ရှာဖွေတွေ့ရှိ ခဲ့သည်။

၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင်လည်း KIA အကြမ်းဖက် သောင်းကျန်းသူများသည် ကချင်ပြည်နယ်အတွင်း ကားလမ်းများ၊ တံတားများနှင့် ရထားလမ်းများအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းများ အကြိမ်ကြိမ်ပြု လုပ်ခဲ့သည်။ သို့ဖြစ်၍ ကားလမ်း၊ ရထားလမ်းများအနီးတွင် နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူ များအနေဖြင့် မိမိတို့နေထိုင်ကြသည့် ပတ်ဝန်းကျင်တစ်ဝိုက်တွင် မသင်္ကာဖွယ်ရာလှုပ်ရှားမှုများ၊ ဖောက်ခွဲရေးပစ္စည်းဟု ယူဆရသည့် အရာဝတ္ထုများ တွေ့ရှိရ ပါက သက်ဆိုင်ရာ တပ်မတော်စစ်ကြောင်း၊ တပ်ဌာနချုပ်၊ လုံခြုံရေး တပ်ဖွဲ့စခန်းများနှင့် အစိုးရရုံးများသို့ အချိန်မီသတင်းပို့ကြရန် သက်ဆိုင်ရာမှ အသိပေး နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

Read 224 times Last modified on Wednesday, 16 May 2018 23:20