SJ WorldNews - шаблон joomla Авто

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း တို့မှ သင်တန်းသား၊ သင်တန်းသူများ၏ စခန်းပေါင်းစုံ ပြိုင်ပွဲများ ပြုလုပ်

Thursday, 17 May 2018 08:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၁၆

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)သို့ တက်ရောက် လျက်ရှိသည့် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများ၏ စခန်းပေါင်းစုံပြိုင်ပွဲကို ယနေ့တွင် ဧရာဝတီရေတပ်စခန်း ဌာနချုပ်၊ စစ်ရေးပြကွင်းနှင့် သီဟသူရထွန်းတင် ခန်းမတို့၌ပြုလုပ်ရာ တပ်မတော်အရာရှိကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် အုပ်ချုပ်သူများ တက်ရောက်ကြသည်။

ပြိုင်ပွဲတွင် ကျောက်ဖြူစခန်း၊ ပုသိမ်စခန်း၊ အင်းယားစခန်း၊ မော်လမြိုင်စခန်း၊ ဟိန်းဇဲစခန်း၊ ထားဝယ်စခန်း၊ မြိတ်စခန်းနှင့် ကျွန်းစုစခန်းတို့ မှ သင်တန်းသား၊ သင်တန်းသူများက သင်တန်း အလိုက် စစ်ရေးပြပြိုင်ပွဲများ၊ General  Sea Terms ရေးဖြေစာမေးပွဲ၊ ကြိုးချည်၊ ကြိုးထိုးပြိုင်ပွဲ၊ ရေတိုင်းခြင်း လက်တွေ့ပြိုင်ပွဲနှင့် ပဲ့စင်တပ်ဖွဲ့ တာဝန်ဖွဲ့စည်း ဆောင်ရွက်မှု လက်တွေ့ပြိုင်ပွဲ များအား ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

Read 45 times Last modified on Thursday, 17 May 2018 08:10