SJ WorldNews - шаблон joomla Авто

လေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများ လေယာဉ်ပျံသန်းခြင်းနှင့် လေယာဉ်ထုတ်လုပ် ပြင်ဆင်မှုများအား လေ့လာ

Thursday, 17 May 2018 08:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၁၆

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ လေတပ်စခန်း ဌာနချုပ်များ၌ ဖွင့်လှစ်သင်ကြား လျက်ရှိသည့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)သို့ တက်ရောက်နေသည့် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများအနက် ၅၅ဝ ဦးသည် ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်အား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြပြီး အခြား သင်တန်းသား၊ သင်တန်းသူ ၈ဝ ဦး၊ အုပ်ချုပ်သူ အရာရှိနှင့် ဆရာ၊ ဆရာမများ ပါဝင်သော လေ့လာရေးအဖွဲ့သည်   မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်၌ လေယာဉ်ဖြင့် လက်တွေ့လိုက်ပါစီးနင်းလေ့လာ ခဲ့ကြသည်။

သင်တန်းသား၊   သင်တန်းသူများသည် သယ်ယူပို့ဆောင်ရေး လေယာဉ်များ ဖြစ်ကြသည့် Beech-1900 D လေယာဉ်ဖြင့် လည်းကောင်း၊ ATR-42 500လေယာဉ်ဖြင့် လည်းကောင်း အဖွဲ့နှစ်ဖွဲ့ခွဲ၍ လက်တွေ့လိုက်ပါ စီးနင်းကြပြီး လေယာဉ်ပျံသန်း စီးနင်းရာတွင် လိုက်နာရမည့် အချက်များနှင့် လေကြောင်းဆိုင်ရာ အတွေ့ အကြုံများကို တာဝန်ရှိသူများက လေယာဉ်ပေါ်၌ ရှင်းလင်းပြသခဲ့ကြသည်။

အလားတူ လေကြောင်းလူငယ် တန်းမြင့် သင်တန်းသား၊ သင်တန်းသူ ၂၄ ဦးသည် အုပ်ချုပ်သူအရာရှိ၊ ဆရာ၊ ဆရာမများနှင့် အတူ ရန်ကုန်တိုင်းဒေသကြီး  မှော်ဘီတပ်နယ်ရှိ လေတပ်ဆွယ် (မှော်ဘီ)တွင် Mi-17 ရဟတ်ယာဉ်အား လေ့လာခဲ့ကြသည်။

ထို့ပြင် နေ့လယ်ပိုင်း၌ လေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူ နည်းပြများ ပါဝင်သော ၆၃၃ ဦးတို့သည် မင်္ဂလာဒုံတပ်နယ်ရှိ လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေးဌာနချုပ်သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်း ရရှိသည်။                    

(၁ဝဝ)

Read 143 times Last modified on Thursday, 17 May 2018 08:13