SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဘာသာပေါင်းစုံ ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံ

Saturday, 26 May 2018 08:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မေ  ၂၅

နိုင်ငံတော်၏     အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  နိုင်ငံတကာနှင့် ပြည်တွင်းမှ  Religions  for  Peace (RfP) နှင့်  အခြားဘာသာပေါင်းစုံ အဖွဲ့များမှ အဖွဲ့ဝင် ၁၈ ဦးပါ ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင်    နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ်   ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံတွင်   ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့  အပြန်အလှန် အမှီသဟဲပြုနေမှု၏ အရေးပါမှု၊ ငြိမ်းချမ်းရေးအတွက်  ပညာရေး ကဏ္ဍတိုးတက်ရေး အရေးပါမှုတို့ကိုဖော်ညွှန်းလျက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေး အတွက်  ၎င်းတို့၏အမြင်သဘောထားနှင့် ဆောင်ရွက်ချက်များကို ပြောကြားခဲ့ သည်။

 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း လူတိုင်းသည် ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို  လိုလားကြသကဲ့သို့ မေတ္တာထားခြင်းကိုလည်း ခံယူလိုကြကြောင်း၊ ဘာသာတရားအားလုံးသည် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် မေတ္တာတရား ပြန့်ပွားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြကြောင်း ကိုယ်စားလှယ်အဖွဲ့အနေဖြင့်လည်း   မြန်မာနိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးနှင့်     အနာဂတ် လူ့အဖွဲ့အစည်းအတွက် လူတိုင်းက  ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို   ရဲစွမ်းသတ္တိနှင့် အင်အားများဖြင့် ရှာဖွေဆောင်ရွက်ကြရန် အားပေးလှုံ့ဆော်ပေးရေး     မေတ္တာရပ်ခံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ  တက်ရောက် ခဲ့ကြသည်။

(သတင်းစဉ်)

Read 87 times Last modified on Saturday, 26 May 2018 08:56