SJ WorldNews - шаблон joomla Авто

MPT-University Football Tournament 2018 ဆုပေးအပ်ပွဲကျင်းပ

Wednesday, 13 June 2018 08:21 font size decrease font size decrease font size increase font size increase font size

မန္တလေး  ဇွန်  ၁၂

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊   မြန်မာ နေရှင်နယ်လိဂ်၊  အဆင့်မြင့်ပညာဦးစီးဌာနနှင့် MPT တို့ ပူးပေါင်းကျင်းပ သည့် MPT-University Football Tournament 2018 (အထက် မြန်မာပြည်ဇုန်) အမျိုးသား ဗိုလ်လုပွဲနှင့်  ဆုပေး အပ်ခြင်း အခမ်းအနားကို ယမန်နေ့က မန္တလေးမြို့ရှိ ဗထူး အားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနား မကျင်းပမီ အမျိုးသား နောက်ဆုံး ဗိုလ်လုပွဲအဖြစ် မန္တလေးဇုန် အသင်းနှင့်  မုံရွာဇုန် အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မန္တလေးဇုန် အသင်းက ၅ ဂိုး -၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။  ဆက်လက်ပြီး ဆုပေး အပ် ပွဲတွင်  တာဝန်ရှိသူများက တစ်ဦးချင်း အကောင်းဆုံးဆုများ၊ ဆုကြေးငွေများနှင့် အနိုင်ရရှိသည့် မန္တလေး ဇုန် အသင်းကို  တံခွန်စိုက်ဆုဖလား ပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ဒေါက်တာ ဇော်မြင့်မောင်နှင့်    အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ မြန်မာ နေရှင်နယ်လိဂ် COO ဦးဆူးအောင်၊ စပွန်ဆာကုမ္ပဏီများမှ MPT-University Football Tournament 2018 မှ တာဝန်ရှိသူများ၊  ပြိုင်ပွဲဝင် အသင်းသားများ၊  ဘောလုံး အားကစား ဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

MPT-University Football Tournament 2018 (အထက်မြန်မာပြည်ဇုန်) ပြိုင်ပွဲ၌ ဆုရရှိသူများမှာ ပထမ မန္တလေး ဇုန် (အမျိုးသား)၊ ဒုတိယ မုံရွာဇုန် (အမျိုးသား)၊ တတိယ မြစ်ကြီးနားဇုန် (အမျိုးသား)၊ ပထမ မုံရွာဇုန်  (အမျိုးသမီး)၊ ဒုတိယ မြစ်ကြီးနားဇုန် (အမျိုးသမီး)နှင့် တတိယ မကွေးဇုန် (အမျိုးသမီး) တို့ဖြစ်သည်။

အမျိုးသားပွဲစဉ် တစ်လျှောက် အကောင်း ဆုံးကစားသမားဆု၊ ဂိုးသွင်း အများဆုံးဆုနှင့် နေရာအလိုက် အကောင်း ဆုံးဆု ရရှိသူများမှာ ဂိုးသမား အကောင်းဆုံးဆု ပြည့်ဖြိုးအောင် (မန္တလေးဇုန်)၊ နောက်တန်း အကောင်းဆုံးဆု   ရဲရင့်ကို  (မန္တလေးဇုန်)၊  အလယ်တန်း အကောင်းဆုံးဆု အောင်ကိုကိုဆန်း (မန္တလေးဇုန်)၊ ရှေ့တန်း အကောင်း ဆုံးဆု Roland Deo Hnget (မုံရွာဇုန်)၊ ဂိုး သွင်းအများဆုံးဆု(ပူးတွဲ) စိုးမင်းနောင် (မန္တလေးဇုန်)၊  Roland Deo Hnget (မုံရွာဇုန်) နှင့် အကောင်းဆုံး ကစားသမားဆု  စိုးမင်းနောင် (မန္တလေးဇုန်) တို့ဖြစ်သည်။

အမျိုးသမီးပွဲစဉ် တစ်လျှောက် အကောင်း ဆုံးကစားသမားဆု၊ ဂိုးသွင်း အများဆုံးဆုနှင့် နေရာအလိုက်  အကောင်း ဆုံးဆု ရရှိသူများမှာ   ဂိုးသမား အကောင်းဆုံးဆု   မိုးသဲဖြူ  (မုံရွာဇုန်)၊ နောက်တန်း အကောင်းဆုံးဆု ရီဝင်းသန်း  (မြစ်ကြီးနား ဇုန်)၊ အလယ်တန်း အကောင်းဆုံးဆု ကြည်ရတနာခိုင် (မြစ်ကြီးနားဇုန်)၊ ရှေ့တန်း အကောင်းဆုံးဆု ထက်ထက်ဝင်း  (မုံရွာဇုန်)၊ အကောင်းဆုံး ကစားသမားဆု  နှင်းအေးမော် (မုံရွာဇုန်) နှင့် ဂိုးသွင်း အများဆုံးဆု နှင်းအေးမော်(မုံရွာဇုန်) တို့ဖြစ်ကြောင်း သိရသည်။                        

တီတီ

Read 1792 times Last modified on Wednesday, 13 June 2018 08:39