SJ WorldNews - шаблон joomla Авто

ချောင်းရေတိုက်စား မှုကြောင့် ကံမမြို့နယ်ရှိ မင်းတုန်းချောင်းကူး တံတား (ရေနံ့သာ) ပြုတ်ထွက် မျောပါမှုဖြစ်ပွား

Wednesday, 13 June 2018 08:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    ဇွန်    ၁၂

မကွေးတိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကံမမြို့နယ်၊ ရေနံ့သာ ကျေးရွာ၏မြောက်ဘက်၊ သရက်-ကံမသွားကားလမ်း၊ မိုင်တိုင်အမှတ်(၂ဝ/ဝ)၌ အရှည်ပေ ၇၂ဝ၊ အကျယ် ၁၂ ပေရှိ ဘေလီ သံပေါင် အမျိုးအစား   မင်းတုန်းချောင်းကူး တံတား(ရေနံ့သာ)သည် ယနေ့နံနက် ၃ နာရီ မိနစ် ၅ဝ တွင်  ရေတိုက်စားပြီး  တံတား ပြုတ်ထွက်မျောပါသွားခဲ့သည်။

အဆိုပါ တံတားပြုတ်ထွက်မျောပါသွားမှု အခြေအနေများအား နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လိုအပ် သည်များ ဆောင်ရွက်ပေးနိုင်ရန် အတွက် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းနှင့် တံတား ပြုတ်ထွက်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သတင်းရရှိသည်။                               

Read 1469 times Last modified on Wednesday, 13 June 2018 08:51