SJ WorldNews - шаблон joomla Авто

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘက်ရဲမြို့ရှိ ရေဝင်ရောက်ခဲ့သော နေရာများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Wednesday, 13 June 2018 08:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၂

ဧရာဝတီတိုင်း ဒေသကြီး၊ ကြံခင်းမြို့နယ် အတွင်း ဇွန် ၁၁ ရက် ညနေပိုင်းတွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ဖားတစ် ရှဉ်းချောင်း ရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ဘက်ရဲမြို့ရှိ အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ရေဝင်ရောက်ရာနေရာများသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ မြန်အောင် တပ်နယ်မှ တပ်မတော်သား များက ယနေ့ နေ့လယ်ပိုင်းတွင် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စာသင် ကျောင်းအတွင်း တင်ကျန်ရစ်သော ရွှံ့ညွန်များအား သန့်ရှင်းရေးဆောင် ရွက်ပေးခြင်း၊ ရေဝင်ရောက်ခဲ့သော နေအိမ်များမှ ပစ္စည်းများနှင့်  ရေဘေးသင့် ပြည်သူများအား နီးစပ်ရာဆွေမျိုးများနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ ယာယီ ရွှေ့ပြောင်းပေးခြင်း စသည့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။    

 

Read 959 times Last modified on Wednesday, 13 June 2018 09:00