SJ WorldNews - шаблон joomla Авто

ရေကြီး ရေလျှံမှုများကြောင့် စလင်းမြို့နယ် အတွင်းရှိ မီးရထားလမ်းနှင့်တံတားတို့ ပျက်စီးမှုဖြစ်ပွား

Thursday, 14 June 2018 08:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန်   ၁၃

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊  ကန်တော်ကျေးရွာ၏အနောက်ဘက်ရှိ ကြံခင်း- ပခုက္ကူမီးရထားလမ်းသည် သံလမ်းအောက် မြေသားတာပေါင် ပေ ၅ဝ ခန့်အထိ မိုးရေ တိုက်စားမှုကြောင့် မြေသားလမ်းတာပေါင် ပြုတ်ထွက်ပြီး ရေစီးနှင့်မျောပါသွားခဲ့သည်။

အလားတူ စလင်းမြို့နယ်၊ လက်ပံကျင်း ကျေးရွာအနီး စလင်း-စေတုတ္တရာကားလမ်း၊ မိုင်တိုင်အမှတ် ၇/၆ နှင့် ၇/၇ ကြားရှိ အရှည်ပေ ၃၆ဝ ရှိ လက်ပံကျင်းချောင်း တံတားသည် ချောင်းရေတိုက်စားမှုကြောင့် စလင်းဘက်အခြမ်းရှိ တံတားချဉ်းကပ်မြေကာ နံရံပေ ၃ဝ ခန့် ပဲ့ကျသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါပျက်စီးမှုများကြောင့် လူ၊ တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ သက်ဆိုင်ရာဌာန များမှ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Read 22 times Last modified on Thursday, 14 June 2018 08:11