SJ WorldNews - шаблон joomla Авто

မကွေးအသင်း ပယ်နယ်တီတွင် အနိုင်ရ၊ ဆီမီးဖိုင်နယ်တွင် ရန်ကုန် အသင်းနှင့်တွေ့ဆုံ

Thursday, 14 June 2018 08:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇွန်   ၁၃

၂ဝ၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက် ပြိုင်ပွဲ ကွာတားဖိုင်နယ်(ပထမနေ့)ကို ယနေ့ ညနေပိုင်းတွင်ကျင်းပရာ မကွေး အသင်းနှင့် ရန်ကုန်အသင်း ဆီမီးဖိုင်နယ် တက်ရောက် သွားသည်။

အောင်ဆန်းကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းနှင့် မကွေးအသင်းတို့ မိနစ် ၉ဝတွင် နှစ်ဂိုးစီသရေ၊ အချိန်ပိုတွင် ဂိုးမရှိ သရေကျနေ၍ ပယ်နယ်တီဖြင့်ဆုံးဖြတ်ရာ မကွေးအသင်းက ၁ဝ ဂိုး - ၉ ဂိုး စုစုပေါင်း ၁၂ ဂိုး - ၁၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အမှတ် ပေးပြိုင်ပွဲ ဒုတိယအကျော့တွင် ရုန်းကန်နေရသည့် မကွေးအသင်းသည် ယခုပွဲတွင် နှစ်ဂိုး ပြတ်အနိုင်ရလဒ်ကိုမထိန်းနိုင်၍ ပယ်နယ်တီ အထိ ယှဉ်ပြိုင်ခဲ့ရသည်။

ဧရာဝတီအသင်းသည်    တစ်ကျော့ပြန် အောင်မြင်မှုရရန်   ကြိုးပမ်းခဲ့သော်လည်း ပယ်နယ်တီကန်ရာတွင် ကံမကောင်း ခဲ့၍ ရှုံးနိမ့်ခဲ့ရသည်။

ဧရာဝတီအသင်းသည် နိုင်ငံခြားသားကစား သမားသုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့သလို မကွေးအသင်းမှာလည်း အမာခံ ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ ၄၂ မိနစ်တွင် မကွေးအသင်း ဂိုးစရခဲ့ပြီး ဇေယျာနိုင်က အဝေးမှ ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်း တွင် ဧရာဝတီအသင်း၏ ချေပဂိုးရရှိရန် ရုန်းကန်မှုကြောင့် အပြန် အလှန် ရှိလာခဲ့သည်။ ၅၆မိနစ်တွင် မကွေးအသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး မောင်မောင်စိုးက ပိတ်သွင်း ယူခဲ့ခြင်း ဖြစ်သည်။

နှစ်မိနစ်အကြာတွင် ဧရာဝတီအသင်း ချေပဂိုးပြန်ရခဲ့၍ ပွဲမှာ အသက်ဝင်လာခြင်းဖြစ်ပြီး ပထမချေပဂိုးကို ကာစီယိုက သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန် အလှန်ရှိလာပြီး ၇၄ မိနစ်တွင် သီဟဇော်က ဧရာဝတီ အသင်းအတွက် ဒုတိယချေပဂိုးသွင်း ခဲ့သည်။

မိနစ် ၉ဝ တွင် နှစ်ဂိုးစီသရေကျနေ၍ အချန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ဂိုးမရှိသရေ ကျနေ၍ ပယ်နယ်တီဖြင့် ဆုံးဖြတ်ခဲ့ရသည်။

ပယ်နယ်တီကန်ရာတွင် ၁၂ လုံးအထိ ကန်သွင်းခဲ့ရပြီး ကာစီယိုမှာ ပယ်နယ်တီနှစ်ကြိမ်စလုံး လွဲချော်ခဲ့၍ ဧရာဝတီ အသင်း က ၁ဝ ဂိုး- ၉ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ပယ်နယ်တီကန်ရာတွင် ဧရာဝတီ အသင်းက သုံးဂိုး၊ မကွေးအသင်းကနှစ်ဂိုး လွဲချော်ခဲ့ပြီး ၁၁ ဦးစလုံးကန်ပြီးဖြစ်သော ကြောင့် ကာစီယို(ဧရာဝတီ)နှင့် မောင်မောင်စိုး (မကွေး)မှာ နှစ်ကြိမ်စီ ကန်ခဲ့ရကာ မောင်မောင် စိုးမှာ နှစ်ကြိမ်စလုံး ဂိုးဝင်ခဲ့၍ မကွေးအသင်း အနိုင်ရခဲ့ခြင်းဖြစ် သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသော ပွဲတွင် ရန်ကုန် အသင်းက GFA အသင်းကို ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန် အတွက် အနိုင်ဂိုးများကို ၆၅ မိနစ်တွင် အီစိုး၊ ၇၆ မိနစ်တွင် ဇော်မင်းထွန်းတို့က သွင်းယူခဲ့သည်။

ကွာတားဖိုင်နယ် (ဒုတိယနေ့)ကို ဇွန် ၂ဝ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရခိုင်အသင်းနှင့် ရှမ်းယူနိုက်တက် အသင်း၊ စစ်ကိုင်းအသင်းနှင့် ဟံသာဝတီ အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မကွေးအသင်းနှင့် ရန်ကုန် အသင်း သည် ဆီမီးဖိုင်နယ်တွင် တွေ့ဆုံနေသည်။

Read 168 times Last modified on Thursday, 14 June 2018 08:49