SJ WorldNews - шаблон joomla Авто

(၅၅)ကြိမ်မြောက် မြန်မ့ာကျောက်မျက် ရတနာပြပွဲ၏ စတုတ္ထနေ့တွင် ယူရိုငွေ ၁ ဒသမ ၃၇၈ သန်း တန်ဖိုးရှိ ကျောက်မျက် အတွဲပေါင်း ၆၉ တွဲ ရောင်းချရ

Sunday, 24 June 2018 09:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၂၃

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိရာ စတုတ္ထနေ့ဖြစ်သည့် ယနေ့တွင် ယူရိုငွေ ၁ ဒသမ ၃၇၈ သန်းတန်ဖိုးရှိ ကျောက် မျက်အတွဲပေါင်း ၆၉ တွဲကို ရောင်းချရကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ပြည်တွင်း ပြည်ပရတနာကုန်သည်များက မဏိရတနာကျောက်စိမ်း ခန်းမအတွင်း သတ် မှတ်နေရာများတွင် ခင်းကျင်းပြသထားသည့် အခြေခံဈေးယူရိုငွေ ၅ဝဝ နှင့်အထက် တန်ဖိုးသတ်မှတ်ထား သည့် ကျောက်မျက်အတွဲပေါင်း ၃၃၆ တွဲကို ဇွန် ၂ဝရက်မှ ၂၂ ရက်အထိ လေ့လာကြည့်ရှုကြပြီး ကျောက် မျက်အတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်း ထည့်သွင်းကြကာ ယင်းတင်ဒါများ ကို ယနေ့ညနေပိုင်းတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရာ ကျောက်မျက်အတွဲပေါင်း ၆၉ တွဲအား ယူရိုငွေ ၁ ဒသမ ၃၇၈ သန်းတန်ဖိုးရောင်းချရခြင်း ဖြစ်သည်။

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၆၇၉၅ တွဲကိုခင်းကျင်း ပြသထားပြီး ဇွန် ၂၄ ရက်မှ ၂၉ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အခြေခံ ဈေးယူ ရိုငွေ ၄ဝဝဝ နှင့်အထက် တန်ဖိုးသတ်မှတ်ထားသည့် အရိုင်းထည် ကျောက်စိမ်းတွဲများနှင့် အခြေခံ ဈေးယူရိုငွေ ၁ဝဝဝ နှင့်အထက် သတ်မှတ်ထားသည့် အချောထည်ကျောက်စိမ်းတွဲများကို ဇွန် ၂၄ ရက်တွင် ကျောက်စိမ်းတွဲအမှတ် ၁ မှ ၁၁၅ဝ အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 477 times Last modified on Monday, 25 June 2018 10:08