SJ WorldNews - шаблон joomla Авто

မြန်မာ့ နိုင်ငံရေးနှင့် တပ်မတော် အပိုင်း(၁)

Wednesday, 18 July 2018 09:56 font size decrease font size decrease font size increase font size increase font size

၁။      ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန်များ၊ ဘင်္ဂါလီများ၏ သမိုင်းကြောင်း အမှန်များနှင့် တပ်မတော်၏ ဆောင်ရွက်ချက်များအား သိရှိနိုင်ရန်အတွက် ရေးသားပြုစု ထားရှိသည့် စာအုပ်ဖြစ်ပါသည်။

၂။      ဘင်္ဂါလီများ   ရခိုင်ပြည်နယ်အတွင်း စတင် ဝင်ရောက်လာခြင်းနှင့် ဖြစ်ပေါ်ခဲ့သည့် နောက်ဆက်တွဲ အခြေ အနေ များအား ထည့်သွင်းဖော်ပြထားရှိပါသည်။

၃။      ၂ဝ၁၂ ခုနှစ်၊ ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်များတွင်  ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ် များနှင့် တပ်မတော်မှ လုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ထောက်ပံ့ရေးနှင့်  ပြန်လည် တည် ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများကို ပြည့်ပြည့်စုံစုံ ဖော်ပြထားရှိပါသည်။

၎။      ရခိုင်ပြည်နယ်ဖြစ်စဉ်များ နှင့်ပတ်သက်၍  တပ်မတော်နှင့်  နိုင်ငံတကာ အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့မှုများ၊ သတင်းမှန် ထုတ်ပြန်ကြေညာချက်များကို စုံလင်စွာဖြင့် ဖော်ပြထားရှိပါသည်။

၅။      မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့်ယှဉ်တွဲလေ့လာ ဖတ်ရှုနိုင်ရန်  ပုံနှိပ်ဖော်ပြထားသည့်အပြင် အကြောင်း အရာနှင့် ဆက်စပ်ဆီလျော်သော ရောင်စုံဓာတ်ပုံများ ပါဝင်သည့်အတွက် နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံ့အရေး၊ အမျိုးသားရေးနှင့် ရခိုင်ပြည်နယ်အရေး တို့ကို စိတ်ပါဝင်စား သူတိုင်း မဖြစ်မနေဝယ် ယူဖတ်ရှု သင့်သော စာအုပ် ဖြစ်ပါသည်။

၆။      မြန်မာ့နိုင်ငံရေးနှင့် တပ်မတော် အပိုင်း(၁)စာအုပ်အား သေသပ်ခံ့ညားစွာဖြင့် ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လ စတုတ္ထ ပတ် မှစ၍ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဝယ်ယူရရှိနိုင်သည့်စာအုပ်ဆိုင်များ

မြဝတီစာအုပ်အရောင်းဆိုင်၊ စာပေဗိမာန်၊ စာပေလောက(၂၊ ၆၊ ၇)၊  အင်းဝ၊ စာပေရတနာ၊ ရန်အောင်၊ Tab Book၊ စာပေနန်းတော်၊  သတင်းနှင့်စာနယ်ဇင်း၊  အမြင်သစ်၊ ကိုလတ်၊ ပါရမီ၊ ခေတ်သစ်၊ ပညာအလင်းပြ၊ ရာပြည့်စာအုပ်ဆိုင်။

မြဝတီစာပေတိုက်

အမှတ်(၁၅)၊ တပ်မြေ၊ မိုးကောင်းလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်း- ဝ၉-၃၂၄၉၈၇၂၄ (ဖြန့်ချိရေး)

 

Read 475 times Last modified on Wednesday, 18 July 2018 10:09