SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သန်လျင်တပ်နယ်၌ ခင်းကျင်းပြသထားသည့် သမိုင်းဝင် စစ်ရေယာဉ် (မေယု)ကို ကြည့်ရှု လေ့လာ

Thursday, 19 July 2018 08:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇူလိုင် ၁၈

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်တပ်နယ်၌ ခင်းကျင်းပြသထားသည့် သမိုင်းဝင်စစ်ရေယာဉ် (မေယု)ကို သွား ရောက်ကြည့်ရှုလေ့လာသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား တပ်နယ်ရိပ်သာ၌ သန်လျင်တပ်နယ်မှ ဗိုလ်ချုပ်ဌေးနိုင်က သမိုင်းဝင် စစ်ရေယာဉ် (မေယု)နှင့်ပတ်သက်သည့် သမိုင်းရေးဆိုင်ရာ အချက်အလက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ဗြိတိသျှအစိုးရကိုယ်စား စစ်ရေယာဉ်မှူးဖြစ်သူ ဗိုလ်မှူးမစ်ချယ်လ်က မြန်မာနိုင်ငံ အရန် တော်ဝင်ရေတပ်သို့ စစ်ရေယာဉ်(မေယု)ကိုအခမ်းအနားဖြင့် လွှဲပြောင်းပေးအပ် ခဲ့စဉ်က ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တက်ရောက်၍ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်းနှင့် ရေယာဉ်ကို မြန်မာနိုင်ငံ ကိုယ်စားလက်ခံခြင်း ရုပ်သံမှတ်တမ်းကို ပြသသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူ၊ သန်လျင်တပ်နယ်မှ ဗိုလ်ချုပ်ဌေးနိုင်၊ တာဝန်ရှိသူများနှင့်အတူ သမိုင်းဝင် စစ်ရေယာဉ် (မေယု)ပေါ်သို့ တက်ရောက်ကြည့်ရှုလေ့လာပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား စစ်ရေယာဉ် (မေယု) အထိမ်းအမှတ် အမှတ်တရ လက်ဆောင်နှင့် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် စစ်ရေယာဉ်(မေယု)ကို လက်ခံရယူစဉ်က သမိုင်း မှတ်တမ်းဓာတ်ပုံတို့ကို သန်လျင်တပ်နယ်မှ ဗိုလ်ချုပ်ေ ဌးနိုင်က ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် တာဝန်ရှိသူများနှင့်အတူ သမိုင်းဝင် စစ်ရေယာဉ်(မေယု) ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

စစ်ရေယာဉ်(မေယု)သည် River Class အမျိုးအစား ဖရီးဂိတ်စစ်ရေယာဉ်ဖြစ်ပြီး အလျား ၃ဝ၁ ပေ ၇ ဒသမ ၇၅ လက်မ၊ အနံ ၃၇ ပေ ၉ ဒသမ ၂၅ လက်မ၊ ရေစူး ၁၄ ပေ ၄ လက်မ(ဝန်ပြည့်)၊ ရေယာဉ်အလေးချိန် ၁၆၁၄ ဒသမ ၉၁ တန် (ဝန်ပြည့်)ဖြစ်သည်။ မူလအမည်မှာ HMS FAL ဖြစ်ပြီး ၁၉၄၃ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် ဗြိတိသျှတော်ဝင် ရေတပ်မတော် အမှတ်(၃၈)ကင်းထောက် ရေယာဉ်အုပ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၄၇ ခုနှစ် မေ ၂၅ ရက် မွန်းတည့် ၁၂ နာရီတွင် ဗြိတိသျှတော်ဝင် ရေတပ်မတော်က မြန်မာနိုင်ငံ အရန်တော်ဝင်ရေတပ်သို့ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံး စစ်ရေ ယာဉ်မှူးမှာ ဗိုလ်မှူး ခင်မောင်ဘို ဖြစ်သည်။ မြန်မာနိုင်ငံကို မဟာမိတ်များ ပြန်လည်ထိုးစစ်ဆင်ချိန်တွင် မြန်မာ့ရေတပ်မ တော်သားများသည် ရခိုင်တိုက်ပွဲစဉ်များအတွင်း မေယုမြစ်ဝှမ်း၌ ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့် ''မေယု''ဟု အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မြန်မာ့တပ်မတော်က ရောင်စုံသောင်းကျန်းသူတို့ကို တိုက်ခိုက် နှိမ်နင်းရာတွင် စစ်ရေယာဉ် (မေယု)သည်လည်း ရှေ့တန်းမှတစ်တပ်တစ်အား ပါဝင်ခဲ့ပြီး ၁၉၄၈ ခုနှစ် အင်းစိန်မြို့သိမ်းတိုက်ပွဲ ၊ သန်လျင် ကျိုက်ခေါက်တိုက်ပွဲနှင့် ပုသိမ်မြို့သိမ်းတိုက်ပွဲ၊ ၁၉၄၉ ခုနှစ် ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲနှင့် ၁၉၅ဝ ပြည့်နှစ် မော်လမြိုင်မြို့သိမ်းတိုက်ပွဲတို့တွင် ရှေ့ တန်းမှ တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုမှတစ်ဖန် မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက် စစ်ဆင်ရေးတာဝန်များကို နှစ်ပေါင်းများစွာ ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးနောက် သက်တမ်းကာလ နှစ် ၄ဝ ခန့်ရှိလာသည်နှင့်အမျှ စစ်ရေယာဉ်၏ ကြံ့ခိုင်မှု အခြေအနေမှာ ယိုယွင်းလာခဲ့သဖြင့် ၁၉၇၉ ခုနှစ် သြဂုတ် ၂ ရက်တွင်ကျင်းပသော (၂၆၂)ကြိမ်မြောက် ကာကွယ်ရေး ဌာနကောင်စီ၏ အမှုဆောင်အစည်းအဝေးက ရေ ယာဉ်အား တပ်တော်ဝင်အဖြစ်မှ ရပ်စဲရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် သမိုင်းဝင်စစ်ရေယာဉ်(မေယု)သည် လွတ်လပ်ရေးနှင့် အတူပါရှိလာသော သမိုင်းဝင် စစ်ရေယာဉ် ဖြစ်၍ နောင်လာနောက်သားများ ကြည့်ရှုလေ့လာနိုင်ရန် သန်လျင်တပ်နယ်၌ ပြတိုက်ေ ရယာဉ်အဖြစ် ထားရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Read 130 times Last modified on Thursday, 19 July 2018 08:56