SJ WorldNews - шаблон joomla Авто

တနင်္သာရီမြို့မှ ရေဘေးသင့် ပြည်သူများအား နယ်မြေခံ တပ်မတော်သား များက ရေဘေး လွတ်ရာသို့ ကူညီ ပြောင်းရွှေ့၊ လမ်းရေကျော်မှု ဖြစ်ပေါ်လျက်ရှိသည့် နေရာများ၌ စက်လှေများ၊ ဝါးဖောင်များဖြင့် ပို့ဆောင်

Saturday, 21 July 2018 09:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇူလိုင် ၂ဝ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ချောင်းငယ်နှင့် ချောင်းကြီး ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုထပ်မံဖြစ် ပေါ်ခဲ့ရာ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ  နယ်မြေခံ တပ်မတော် သားများက ဇူလိုင် ၁၉ ရက်နှင့်  ယနေ့တို့တွင်  ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ရေဝင်ရောက်ရာ ရပ်ကွက်များ အတွင်းရှိ  အိမ်ခြေ ၇၇ လုံးမှ လူဦးရေ ၄၄၆ ဦးတို့ကို တပ်မတော် သားများက ရေဘေးလွတ်ရာ တနင်္သာရီမြို့ရိပ်သာ ဘုန်းတော်ကြီးကျောင်း၊ ချောင်းကြီးဘုန်းတော် ကြီးကျောင်းနှင့် နီးစပ် ရာ နေအိမ်များသို့ ကူညီ ပြောင်းရွှေ့ပေးသည်။

အလားတူ မြိတ်-ကော့သောင်း ပြည်ထောင်စု ကားလမ်းမကြီးရှိ မိုင်တိုင်အမှတ်၊ ၄၈/၁ နှင့် ၄၈ /၂ အကြား၊ မိုင်တိုင် အမှတ်၊  ၅၁/၁ နှင့် ၅၁/၅ အကြားတို့၌ လမ်းရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိရာ ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများ သွားလာရေး အခက် အခဲများဖြစ်ပေါ်လျက်ရှိသဖြင့် ဇူလိုင် ၁၉ ရက်တွင် နယ်မြေခံ တပ်မတော်သား များက ခရီးသွား ပြည်သူများနှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ကူညီပို့ဆောင် ပေးလျက် ရှိသည်။

ထို့ပြင် ယနေ့နေ့ လယ်ပိုင်းကလည်း မြိတ်မြို့ရှိ နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ တပ်မတော်သားများက ရေဘေး ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင်  အသုံးပြုနိုင်ရန် အတွက် ဖိုက်ဘာလှေ ၁ဝ စင်းတို့ကို ရေဘေး ကူညီ ဆောင်ရွက်ပေး လျက်ရှိသည့်  နေရာများသို့  မော်တော်ယာဉ်များဖြင့် ပို့ဆောင်၍ ကူညီဆောင် ရွက်ပေးလျက် ရှိ ကြောင်း သတင်း ရရှိသည်။

Read 237 times Last modified on Saturday, 21 July 2018 09:25