SJ WorldNews - шаблон joomla Авто

သတ္တမအကြိမ် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ (၄၇)ပါးစုံညီ သတ္တရသမ အစည်းအဝေး ပထမနေ့ ကျင်းပ

Saturday, 21 July 2018 09:27 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇူလိုင် ၂ဝ

သတ္တမအကြိမ်  နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (၄၇)ပါးစုံညီ သတ္တရ သမအစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိ မင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

အစည်းအဝေးသို့   နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဥက္ကဋ္ဌ  မန္တလေးမြို့ဗန်းမော်ကျောင်းတိုက် ဆရာတော်  အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသည့် နိုင်ငံ တော် သံဃ မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက် အကျိုးတော် ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရက အခမ်းအနားမှူးအဖြစ် ဆောင်ရွက် တော်မူ သည်။

ရှေးဦးစွာ အခမ်းအနားမှူး ဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော  နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက် အောင်မြင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယသြဝါဒ ကထာကို မြွက်ကြား တော်မူသည်။

(သာရဏီယသြဝါဒကထာကို သီးခြား ဖော်ပြထားပါသည်။)

ဆက်လက်၍   ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(ပထမအဖွဲ့ခွဲ)၏ ပဉ္စမအကြိမ်   တာဝန်ကျရာ ကာလအတွင်း  ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုးတော် ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဝိဒက တင်သွင်းလျှောက်ထားသည်။

ထို့နောက် သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့(ပထမအဖွဲ့ခွဲ)၏   ပဉ္စမအကြိမ် တာဝန်ကျရာ ကာလ အတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကိုအဖွဲ့ဝင် ဆရာတော်ကြီးများက ကဏ္ဍအလိုက် တင်သွင်း

လျှောက် ထားသည်။

ယင်းနောက်  ဝိနိစ္ဆယဆိုင်ရာ ကိစ္စများ၊ သာသနာ့ရေးရာ ကိစ္စများ၊ ပညာရေးဆိုင်ရာ ကိစ္စများကို တင်ပြလျှောက် ထားရာ တာဝန် ကျအဖွဲ့ခွဲ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။

ယနေ့ အစည်းအဝေးသို့ ကြွရောက် တော်မူလာကြသော နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများအား  အရုဏ်ဆွမ်းကို ဦးသီဟ ကိုကိုနှင့်ဇနီး ဒေါ်အုံးအုံးစိန် မိသားစုနှင့် ဦးကျော်ဝင်းဟန် နှင့်ဇနီး ဒေါ်ခင်မျိုးနိုင် မိသားစုတို့က လည်းကောင်း၊  နေ့ဆွမ်းကို မဟာသရေ စည်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်(ငြိမ်း)နှင့် ဇနီး ဒေါက် တာ ဒေါ်တင်လင်းမြင့် မိသားစုတို့က လည်းကောင်း   ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။

..............

 

Read 264 times Last modified on Saturday, 21 July 2018 09:37