SJ WorldNews - шаблон joomla Авто

သပိတ်ကျင်းမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Monday, 23 July 2018 08:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်  ၂၂

မန္တလေးတိုင်းဒေသကြီး၊  သပိတ်ကျင်းမြို့နယ်၊  ချောင်းကြီးကျေးရွာ  အခြေခံပညာ အထက်တန်းကျောင်းနှင့်  ပြင်ဦးလွင်မြို့နယ်၊ တောင်ကျွန်းကျေးရွာတို့၌ ဇူလိုင် ၂ဝ ရက်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊  နယ်လှည့်ဆေး ကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့အနေဖြင့်  ချောင်းကြီးကျေးရွာ အခြေခံ ပညာအထက်တန်း ကျောင်းရှိ  ဆရာ၊ ဆရာမ ၂၇ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁ဝ၂၈ဦးနှင့် ပြင်ဦးလွင်မြို့နယ်၊ တောင်ကျွန်း ကျေးရွာရှိ ဒေသခံပြည်သူ ၂၇၁ ဦးတို့ကို ခွဲစိတ်မှုဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိ ရောဂါ၊ သွားရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာ ၁၉ ဦးကို သပိတ်ကျင်းမြို့နှင့်  ပြင်ဦးလွင်မြို့တို့ရှိ တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ထို့ပြင် တောင်ကျွန်းကျေးရွာရှိ ဆေးကုသမှု ခံယူသူ ၂၇၁ ဦးအနက် ၁၅၄ ဦးကို ဓာတ်မှန်ရိုက်ပေးခြင်း၊ အီးစီဂျီဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊  အားဆေးသွင်းပေးခြင်း၊ သွေးဖောက် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများအနက် တောင်ကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုကို သပိတ်ကျင်းတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 189 times Last modified on Monday, 23 July 2018 08:27