SJ WorldNews - шаблон joomla Авто

ထွန်းထွန်းမင်းနှင့် မွေထိုင်း လက်ဝှေ့သမား ဆိုင်းယော့တို့ သရေ ရလဒ်ထွက်ပေါ်

Monday, 23 July 2018 09:08 font size decrease font size decrease font size increase font size increase font size

ရန်ကုန်     ဇူလိုင်    ၂၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး H & S GROUP နှင့် KEE   MAR  TIN  WINတို့ ပူးပေါင်းစီစဉ်သော ရွှေခါးပတ် ချန်ပီယံဗိုလ်လုပွဲကြီး ၂ဝ၁၈ ၏ ဒုတိယနေ့ ကွာတား ဖိုင်နယ် ပွဲစဉ်များကို ယနေ့မွန်းလွဲ ၂ နာရီတွင် သိမ်ဖြူ လက်ဝှေ့ရုံ၌ ကျင်းပသည်။

အထူးစိန်ခေါ်ပွဲအဖြစ်   မြန်မာ့ရိုးရာ လက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် ထိုင်းမွေထိုင်း လက်ဝှေ့သမား ဆိုင်းယော့တို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ နှစ်ဦးစလုံးက အနိုင်ရရှိရန်အတွက် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း လက်ရည်ညီ နေခြင်းကြောင့် ပူးတွဲ သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။

ယင်းပွဲကြီးတွင် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲပေါင်း ၁၃ ပွဲ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ ၅၄ ကီလိုတန်း ကွာတား ဖိုင်နယ် ပွဲစဉ်များအဖြစ် ကျော်ဝင်းအောင်(ရွှေဘားလား)နှင့်ဝမ်းဝမ်း(သုံးပန်လှ)တို့ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ဝမ်းဝမ်းက လည်းကောင်း၊ တက်ထွန်း(ရန်စစ်ငြိမ်း)နှင့် လင်းထက်အောင် (တောင်ကလေး)တို့ယှဉ်ပြိုင်ထိုးသတ်ရာ လင်းထက်အောင် ကလည်းကောင်း၊ ဂျစ်တူး(တိုက်ဂါး)နှင့်လှိုင်းထက်အောင် (ဇွဲကပင်မြေ)တို့ယှဉ်ပြိုင် ထိုးသတ်ရာ ဂျစ်တူး ကလည်းကောင်း အနိုင်ရရှိခဲ့သည်။

၅၇ ကီလိုတန်း ကွာတားဖိုင်နယ် ပွဲစဉ်များ အဖြစ် ကောင်းကောင်း(မြိုင်ကလေး ဘိလပ်မြေစက်ရုံ)နှင့် ရာဇာ (ရွှေမိုးထိငြိမ်းချမ်းရေး)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ ကောင်းကောင်းကလည်းကောင်း၊ ထရိန်း(တိုက်ဂါး)နှင့် နက္ခအောင် (ဇွဲကပင်မြေ) တို့ယှဉ်ပြိုင်ထိုးသတ်ရာ နက္ခအောင်ကလည်းကောင်း၊ အောင်နေထူး(ဒို့ရိုးရာ)နှင့် ဂျိုကာ (သုံးပန်လှ)တို့ယှဉ်ပြိုင်ထိုးသတ်ရာ ဂျိုကာ ကလည်းကောင်း အနိုင်ရရှိခဲ့သည်။

 ၆ဝ ကီလိုတန်း ကွာတားဖိုင်နယ်ပွဲစဉ်များ အဖြစ်ယှဉ်ပြိုင်ထိုးသတ်သည့် အဖိုးသွေး(အဖြူရောင်သွေးသစ်)နှင့် ယှူးခလိန်းမင်း (မြိုင်ကလေးဘိလပ်မြေ စက်ရုံ)တို့ပွဲစဉ်တွင် ယှူးခလိန်းမင်းက အနိုင်ရရှိခဲ့ပြီး အောင်ခန့်ငြား (ဗမာ့သွေး)နှင့်  ထူးနေသူ (တောင်ကလေး) တို့ပွဲစဉ်တွင် ထူးနေသူက အနိုင်ရရှိခဲ့သည်။

အလားတူ ဇွဲလင်းအောင်(ဇွဲကပင်မြေ)နှင့် ဆူးမိုက်(ရွှေမည်းမြေ)တို့ပွဲစဉ်တွင်ဆူးမိုက်က အနိုင်ရရှိခဲ့ပြီး သက်ဆိုးပေ ( တိုက်ဂါး)နှင့် စောလူပျို(သုံးပန်လှ)တို့ပွဲစဉ်တွင် စောလူပျိုက အနိုင် ရရှိခဲ့သည်။

 အထူးငါးချီစိန်ခေါ်ပွဲများအဖြစ် ယှဉ်ပြိုင် ထိုးသတ်ခဲ့သော ထွန်းမင်းလတ် (Fit & Fight) နှင့်အောင်ပိုင်(နဂါးမာန်)၊ ထွန်းမင်းနိုင် (Fit & Fight) နှင့် ကျော်စွာဝင်း(မန္တလေးယူနိုက်တက်) တို့ပွဲစဉ်များမှာ ပူးတွဲသရေရလဒ်သာ ထွက်ပေါ် ခဲ့သည်။ မြန်မာနှင့်ထိုင်း ငါးချီစိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ထွန်းထွန်းမင်း(မြန်မာ)နှင့် ဆိုင်းယော့ (ထိုင်း)တို့ပွဲစဉ်တွင် နှစ်ဦးစလုံးက လက်ရည်တူညီနေပြီး နှစ်ဦးစလုံးမှာ ခံနိုင်ရည်အား ကောင်းခြင်း ကြောင့် ပွဲချိန်ပြည့်သည့် အထိ တစ်ဦးကိုတစ်ဦး အလဲမထိုးနိုင်ခဲ့ဘဲ ပွဲပြီးဆုံးချိန်တွင် သရေရလဒ်သာ ထွက်ပေါ် ခဲ့သည်။

မင်းသော်တာလွင်

Read 84 times Last modified on Monday, 23 July 2018 09:10