SJ WorldNews - шаблон joomla Авто

မူဝါဒပြောင်းလဲမှု များကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လက်လွှတ် လာရသည့် အမေရိကန်

Monday, 23 July 2018 13:19 font size decrease font size decrease font size increase font size increase font size

ထက်မြတ်

အစစအရာရာတွင် တည်ငြိမ်မှုရှိသည်ဟူသော ဂုဏ်သတင်းများကြောင့် အမေရိကန် ပြည်ထောင်စုသည် ပြည်ပရင်း နှီးမြှုပ်နှံသူများ ၏ ငွေကြေးရင်းနှီးမြှုပ်နှံရာအဓိကနိုင်ငံတစ် နိုင်ငံအဖြစ် နှစ်ပေါင်းများစွာကြာရပ်တည်ခဲ့သည်။ သို့သော် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်အဖြစ်မှ သမ္မတအဖြစ်သို့ရောက် ရှိလာသည့် ဒေါ်နယ်ထရမ့် လက်ထက်တွင်မူ ထိုအခြေအနေမှာ ပြောင်းပြန်အနေအထား သို့ပြောင်းလဲနေပြီဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးကဏ္ဍတွင် စစ်အင်အားသုံး ခြိမ်းခြောက်မှုများနှင့်   ကိုယ်ကျိုးစီး ပွားကာ ကွယ်လိုသောမူဝါဒများကြောင့် အစိုးရအနေ ဖြင့် နောက်ထပ်မည်ကဲ့သို့သော ဆုံးဖြတ် ချက်များ ချမှတ်လာနိုင် သည်ကို ပြည်ပရင်းနှီး မြှုပ်နှံသူများအနေဖြင့် ကြိုတင်မခန့်မှန်းနိုင် ဖြစ်နေရသည်။ ထို့ကြောင့် အမေရိကန်ပြည် ထောင်စုအတွင်း အလုပ်အကိုင်ပေါင်းများစွာ ဖန်တီးပေးနိုင်မည့် ပြည်ပရင်း နှီးမြှုပ်နှံသူများ မှာ အမေရိကန်ကို ရှောင်ရှား လာကြပြီဖြစ်သည်။

အမျိုးသားလုံခြုံရေးကို ကာကွယ်သည်ဟူသော အကြောင်းပြချက်နှင့် ကိုယ်ကျိုးစီးပွား ကိုကာကွယ်သည့် အနေဖြင့် ပြည်ပမှတင်သွင်း လာသည့်ကုန်ပစ္စည်းများအပေါ် အခွန်တိုး မြှင့်ကောက်ခံမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တို့ကိုကန့်သတ်လိုက်ခြင်းကြောင့် ရင်းနှီးမြှုပ် နှံသူများကို ဆုံးရှုံးရခြင်းလည်းဖြစ်သည်။

အမေရိကန်အစိုးရအဆက်ဆက်က သာမန်အားဖြင့် ပြဋ္ဌာန်းခဲ့ခြင်းမရှိသည့် ၁၉၆၂ ခုနှစ် ကုန်သွယ်ရေး တိုးချဲ့ခြင်း အက်ဥပဒေ ပုဒ်မ ၂၃၂တွင် ဖော်ပြထားသော အမျိုးသား လုံခြုံရေးပြဋ္ဌာန်းချက်ကို  ယခုအခါ ထရမ့် အစိုးရကအသက်သွင်းကာ သံမဏိနှင့်အလူ မီနီယံတင်သွင်းမှုများအပေါ် ထပ်ဆောင်း အခွန်များ ကောက်ခံ ခဲ့သည်။  ထို့ပြင်  ၎င်းဥပဒေကိုအသုံးပြု၍ မော်တော်ကားတင် သွင်းမှုများကိုပါ ခြိမ်းခြောက်လာပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကော်မတီ (CFIUS) အနေဖြင့် အထိ အခိုက်မခံသော  နည်းပညာ ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကို ကန့်သတ်ရန် ထရမ့်က ညွှန်ကြားထားပြီးဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအတွင်းရှိ  စီးပွားရေးလုပ်ငန်းများ၊ စက်ရုံများ၊ ကုမ္ပဏီခွဲ များတွင်   နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု (FDI) သည် ၂ဝ၁၇ ခုနှစ်တွင်ကျဆင်းခဲ့ရာမှ ယခုနှစ်တွင်လည်း ဆက်လက် ကျဆင်းနေဆဲဖြစ် သည်။ အမေရိကန်၏ FDI ကျဆင်း မှုက ကမ္ဘာလုံးဆိုင်ရာ FDIကျဆင်းမှုအဖြစ် မှတ်ယူနိုင်သည်။  ပမာဏအားဖြင့်

၂၃ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့က ထုတ်ပြန်ထားသည်။  ၂ဝ၁၇  ခုနှစ် တစ်နှစ်လုံးတွင်   နိုင်ငံ၏FDI စုစုပေါင်း ၃၂ ရာခိုင်နှုန်း ကျဆင်းသည် ဟု အမေရိကန် အစိုးရ၏ ထုတ်ပြန် ချက်များ တွင် တွေ့ရသည်။

တရုတ်နိုင်ငံက မြောက်အမေရိကဒေသ၌ ၂ဝ၁၇ ခုနှစ် ပထမနှစ်ဝက်အတွင်းရင်းနှီး မြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၂၄ ဘီလီ ယံရှိရာမှ ယခုနှစ်ပထမနှစ်ဝက်တွင် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံအထိ သိသိသာသာကျ ဆင်းသွားသည်။ သို့သော် ယခုနှစ် ပထ မနှစ် ဝက်အတွင်း ဆွီဒင်၊ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ် အစရှိသော ဥရောပဒေသ၌ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံရှိသည်ဟု တရုတ်အစိုးရက ထုတ်ပြန်ထားသည်။

အကြောင်းရင်းကိုကြည့်လျှင် ကုန်သွယ် ရေးသဘောတူညီချက်များနှင့် ထပ်ဆောင်း အခွန်ကောက်ခံရေးတို့တွင် အမေရိကန် အစိုးရ၏ မသေချာသော မူဝါဒများက ပြည်ပရင်းနှီး မြှုပ်နှံသူများကို တားမြစ်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် ထရမ့်အစိုးရသည် ဈေးပေါသော သွင်းကုန်များအပေါ် ပုဒ်မ ၂၃၂ အရ စုံစမ်း စစ်ဆေးမှုများကိုလည်း ပြုလုပ် နေသည်။ ထို စုံစမ်း စစ်ဆေးမှုများကြောင့် အမေရိကန်၌ လက်ရှိလည်ပတ်နေသော ကုမ္ပဏီများရပ်ဆိုင်း ပြီး ထိုရပ် ဆိုင်းမှုမှာ နှစ်နှစ်မှ သုံးနှစ်အထိ ကြာမြင့်နိုင်သည်။

အမေရိကန်ပြည်ထောင်စုရှိ  နိုင်ငံခြား ကုမ္ပဏီများအနေဖြင့်လည်း အစိုးရကပြဋ္ဌာန်း လိုက်သည့် သံမဏိနှင့် အလူမီနီယံ သွင်းကုန်များအပေါ် ထပ်ဆောင်း အခွန်ကောက်ခံမှုကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် အခက်အခဲ များနှင့် ရင်ဆိုင်လာရသည်။ ထို့ကြောင့် တစ်ကမ္ဘာလုံးနှင့် ဆက်သွယ်ရာမှာ နေရာအခိုင်အမာ ရရှိထားသည့် အမေရိကန် ပြည်ထောင်စု၌အခြေစိုက်ထားသော ကုမ္ပဏီ များမှာ ယခုအခါ ကုန်သွယ်ရေး အတား အဆီး များနှင့်ရင်ဆိုင်လာရပြီဖြစ်သည်။

ကုန်သွယ်ရေးတွင် တစ်ကမ္ဘာလုံးအနေ အထားနှင့်  ပြဿနာတက်နေသည့်  အမေရိကန်အစိုးရ၏  ကုန်သွယ်ရေး မူဝါဒများက ပြည်ပရင်းနှီးမြှုပ်နှံမှုများအပေါ် သက်ရောက်လာနိုင်သည်ကို စိုးရိမ်နေရကြောင်း အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျီရုမ်းပါဝဲက ဆိုသည်။

ထို့ပြင် ထပ်ဆောင်းအခွန်များ ကောက်ခံ ခြင်းကြောင့်လည်း ရင်းနှီး မြှုပ်နှံမှုပြုလုပ်မည့် ကုမ္ပဏီများ၏ ဆုံးဖြတ် ချက်များကို နှောင့်နှေးစေကြောင်း ၎င်းက သတိပေးထားသည်။

သို့သော်လည်း အမေရိကန် သမ္မတဒေါ် နယ်ထရမ့်၏ ကိုယ်ကျိုးစီးပွား ကာကွယ်လိုသော မူဝါဒများကြောင့် အစဉ်အဆက် စီးပွား ဖက်နိုင်ငံများဖြစ်သည့် ဥရောပနိုင်ငံများနှင့် ပင် ကုန်သွယ်ရေး ပဋိပက္ခဖြစ်လာနေပြီဖြစ် သည်။ ထိုကုန်သွယ်ရေး ပဋိပက္ခများကြောင့် ဥရောပ သမဂ္ဂက ခိုင်မာမှုရှိသော စီးပွားဖက် နိုင်ငံအသစ်များကို ရှာဖွေ နေရသည်။

ထို့ကြောင့် တစ်ကိုယ်ကောင်း ဆန်သော အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်များနှင့်  မူဝါဒပြောင်းလဲမှုများကြောင့်  အမေရိကန် ပြည်ထောင်စုရှိ ခိုင်မာသောနိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများမှာ အခြားနိုင်ငံများသို့  စီးဆင်း သွားတော့မည့် အနေအထား ရောက်ရှိလာပြီ ဖြစ်သည်။

ဆောင်းပါးရှင် ရှိန်းထက်

Read 84 times Last modified on Monday, 23 July 2018 13:21