SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၁) စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောက်စိစစ် ရွေးချယ်၊ စစ်တက္ကသိုလ် စာပေဌာနမှ နည်းပြ ပါမောက္ခ၊ ကထိက အရာရှိကြီးများနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံအမှ

Thursday, 09 August 2018 20:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ် - ၉

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ် ၈ ရက်နေ့နှင့် ယနေ့တွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်၊ သီရိဆောင်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက် စိစစ်ရွေးချယ်သည်။

အဆိုပါ စစ်လက်ရုံး ရွေးချယ်ပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထင်လတ်ဦးတို့ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးကြသည်။

ထို့နောက် နေ့လယ်ပိုင်းများတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အနော်ရထာ တပ်ရင်းစားရိပ်သာနှင့် ဘုရင့်နောင် တပ်ရင်းစားရိပ်သာတို့၌ သင်တန်းသား ဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြပြီး စစ်လက်ရုံး ရွေးချယ်မှုအား ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် ယနေ့ ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် စစ်တက္ကသိုလ် စာပေဌာနမှ နည်းပြ ပါမောက္ခ၊ ကထိက အရာရှိကြီးများနှင့် ဆရာ၊ ဆရာမများအား န၀ဒေး ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။ ဦးစွာ ပါမောက္ခချုပ် ဗိုလ်မှူးချုပ် သန့်ဇင်အုံးက စာပေဌာန ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများနှင့် ဘာသာစကား သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် စစ်ဘက် ခေါင်းဆောင်များသည် ပညာတတ်သည့်သူများ ဖြစ်ရန်လိုကြောင်း၊ စစ်တက္ကသိုလ် ဆိုသည်မှာ စစ်ဘက်ခေါင်းဆောင်များအားပညာတတ်များဖြစ်အောင် သင်ကြားမွေးထုတ် ပေးလျက်ရှိသည့် တက္ကသိုလ် တစ်ခုဖြစ်ကြောင်း၊ ပညာတတ်များ ဖြစ်စေရန်အတွက် သတ်မှတ်အရည်အချင်း ကိုက်ညီသူများကို မဟာဘွဲ့နှင့် ပါရဂူဘွဲ့များ ရရှိအောင် မွေးထုတ်ပေးလျက်ရှိပြီး အမှန်တကယ် အရည်အချင်းရှိရန် လိုအပ်ကြောင်း၊ ဗိုလ်လောင်းများအား လေ့ကျင့်ရေး ပိုင်းများတွင် တပ်စုတစ်စုအား ကိုင်တွယ်ကွပ်ကဲနိုင်သည့် အရာရှိတစ်ဦး ဖြစ်စေရန် (ကြည်း၊ ရေ၊ လေ) မည်သည့် တပ်ဖွဲ့များတွင်တာဝန် ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်နှင့်အတူ တိုက်ပွဲဝင်နိုင် စေရန်အတွက် အခြေခံများအား လေ့ကျင့်ပေးလျက် ရှိကြောင်း၊ ထို့အတူ စာပေပညာ သင်ကြားမှုပိုင်းတွင်လည်း မိမိတို့ရရှိသည့် ဘာသာရပ်အလိုက် ဘွဲ့များအား ထိုက်ထိုက်တန်တန် ဖြစ်စေရန်အတွက် အမှန်တကယ် တတ်ကျွမ်းအောင် လေ့ကျင့် သင်ကြားပေးရန် လိုကြောင်းမှာကြားသည်။

ထို့နောက်တက္ကသိုလ်ပညာ ဆိုသည်မှာ လူတစ်ဦး၏ တွေးခေါ်မျှော်မြင်မှုကို မြှင့်တင်ပေးသည့် နေရာဖြစ်သဖြင့် စာကျက်သည်ထက် စာဖတ်မှုကို ဦးစားပေးရမည် ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့ ဘ၀အတွက် စဉ်းစားတွေးခေါ် မျှော်မြင်တတ်သူများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့အတူ ဗိုလ်လောင်းများ ဗဟုသုတ ရရှိရေးအတွက် စာကြည့်တိုက် ဖွင့်လှစ်ပေး၍ လိုအပ်သည့် စာအုပ်များအား ဖြည့်ဆည်းဆောင်ရွက် ပေးထားပြီး စာအုပ်များအား ဖတ်ရှုစေရန် တာဝန်ရှိသူများက ကြီးကြပ်ကွပ်ကဲ သွားရန်လိုကြောင်း၊ မိမိတို့သင်ကြားရသည့် သင်တန်းသား ဗိုလ်လောင်းများအား တွေးခေါ်မြော်မြင်တတ်သည့် စစ်ဘက်ခေါင်းဆောင်များ ဖြစ်အောင် သင်ကြားလေ့ကျင့် မွေးထုတ်ပေးသည့် နေရာတွင် တွေးခေါ်မြော်မြင်မှုကို အထောက်အကူ ဖြစ်စေသည့် ၀ိဇ္ဇာဘာသာရပ်များအား သင်ကြားပေးစေလျက်ရှိကြောင်း၊ မိမိတို့ တပ်မတော်အား ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေးတွင် ပညာရည် မြင့်မားမှုသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ယနေ့ခေတ်ကာလသည် ဘာသာရပ်ဆိုင်ရာ တစ်ခုတည်း မဟုတ်ဘဲ အိုင်တီ နည်းပညာများလည်း ပါဝင်လာသည့် အတွက် သက်ဆိုင်ရာ နည်းပညာများအား တတ်ကျွမ်းရန် လိုအပ်သဖြင့် လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများအား ဖြည့်ဆည်းဆောင်ရွက်ပေး ထားကြောင်း၊ ထို့အတူ မိမိတို့ တပ်မတော်သည် နိုင်ငံတကာ တပ်မတော်များနှင့် ရင်းနှီးသည် ဆက်ဆံမှုရှိရန် လိုအပ်သည့် အတွက် အင်္ဂလိပ်စာ တတ်ကျွမ်းမှုရှိရန် လိုအပ်သဖြင့် စနစ်တကျတတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေးရန် လိုကြောင်း၊ သစ္စာ၊ သူရ၊ သိပ္ပ ဆိုသည့် စစ်တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ ဖြစ်စေရေး အုပ်ထိန်းရသည့် Guardian များက မိဘစိတ်မွေး၍ သွန်သင်ဆုံးမရန်လိုပြီး ကောင်းမွန်သည့် အကျင့်များ ရရှိအောင်သင်ကြား ပြသပေးရန် လိုအပ်ကြောင်း၊ ခေါင်းဆောင်များ အနေဖြင့် တပ်မှူးကောင်း စိတ်ဓာတ်နှင့် မိဘသဖွယ် စိတ်ဓာတ်မျိုး ထားရှိရမည်ဖြစ်ပြီး Guardian စနစ်သည် မိဘသဖွယ် စိတ်ဓာတ်အတွက် လေ့ကျင့်ပျိုးထောင် ပေးခြင်းဖြစ်ကြောင်း၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများသို့ တက်ရောက်လျက် ရှိသည့် အရာရှိများအား နိုင်ငံတကာအဆင့်မီ ထိုက်ထိုက်တန်တန် ဖြစ်အောင် လေ့ကျင့်သင်ကြားပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ဘွဲ့လွန်ဘွဲ့ရရှိပြီးသား အရာရှိများ အနေဖြင့်လည်း မိမိတို့ အရည်အသွေး မြှင့်တင်ရန် အတွက်ကြိုးစား ဆောင်ရွက်သွားရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Read 806 times Last modified on Thursday, 09 August 2018 20:46