SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥပဒေ ဒီပလိုမာ (အရာရှိ)သင်တန်းမှ သင်တန်းသား အရာရှိကြီးများအား တွေ့ဆုံအမှာစကား ပြောကြား

Thursday, 09 August 2018 20:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ် - ၉

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် တာဝန်ရှိသူ များလိုက်ပါပြီး ယနေ့ ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်အုပ်ချုပ်မှုကျောင်းတွင် သင်ကြားပို့ချလျက်ရှိသည့် ဥပဒေဒီပလိုမာ(အရာရှိ) သင်တန်းမှ သင်တန်းသား အရာရှိကြီးများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

ထိုသို့တွေ့ဆုံ အမှာစကား ပြောကြားရာတွင် တပ်မတော်မှာ ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသော တပ်မှူးကြီးများနှင့် တပ်မှူးငယ်များတွင် တရားစီရင်ရေး အာဏာနှင့် အုပ်ချုပ်ရေးအာဏာ ခွဲဝေပေးထားသဖြင့် ဥပဒေနှင့် ပတ်သက်ပြီး အကျွမ်းတ၀င်ရှိပြီး နားလည်မှုရှိရန် လိုအပ်သဖြင့် ယခုကဲ့သို့ဥပဒေသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ တပ်မတော်သားများ အနေဖြင့် စစ်ဘက်ဆိုင်ရာ စစ်စည်းကမ်းများ၊ အရပ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဥပဒေများအား လိုက်နာဆောင်ရွက်ရကြောင်း၊ လက်နက်ကိုင်သည့် အဖွဲ့အစည်းဖြစ်ပြီး အဆိုပါ လက်နက်များအား ယုံကြည်စိတ်ချစွာဖြင့် တိုင်းပြည်ကာကွယ်ရန် ပေးအပ်ထားခြင်းဖြစ်သဖြင့် ဥပဒေနှင့်အညီ ကိုင်တွယ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်နှင့် တားမြစ်ချက်ပင်ဖြစ်ပြီး တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဖြစ်ကြောင်း၊ အဆိုပါ စည်းကမ်းကို လိုက်နာခြင်းသည် ဥပဒေ ကိုလိုက်နာခြင်းပင် ဖြစ်ကြောင်း၊ ဥပဒေ စည်းကမ်းများကို မိမိတို့ကိုယ်တိုင် လိုက်နာရမည် ဖြစ်သကဲ့သို့ မိမိတို့ကွပ်ကဲ အုပ်ချုပ်ရသည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအားလည်း ဥပဒေ၏ သဘောတရားကိုသိရှိပြီး မိမိတို့ အသိတရားဖြင့် လိုက်နာဆောင်ရွက် နိုင်အောင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တပ်မှူးများသည် တရားသူကြီး၊ ရှေ့နေ၊ အုပ်ချုပ်သူ စသည့် လုပ်ငန်းများကို တစ်ဦးတည်း ဆောင်ရွက်ရသူများ ဖြစ်သဖြင့် တရားသူ ကြီးကဲ့သို့ အတွေးခေါ် ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုပြီး တရားမျှတစွာဆောင် ရွက်ရန်၊ ရှေ့နေကဲ့သို့ အပြစ်ရှိသည့်သူအား အပြစ်ပေးနိုင်အောင်၊ အပြစ်မရှိသူအား အပြစ်မှ လွတ်ကင်းအောင် ဆောင်ရွက်ပေးနိုင် ရမည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက် နိုင်ရန်အတွက် ဥပဒေအကြောင်း အရာများအား နားလည်သိရှိထားရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ယနေ့ခေတ်သည် ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိသဖြင့် မိမိတို့ တပ်မတော်အနေဖြင့် ဥပဒေကိုအလေးထား ဆောင်ရွက်ရန် ပိုမိုအရေးကြီးကြောင်း၊ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဥပဒေများကို လိုက်နာရန်နှင့် သိရှိနားလည်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူများ ဥပဒေနှင့်အညီ နေထိုင်နိုင်ရန်အတွက် သိရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်မှုအား အကြောင်းပြုပြီး ဥပဒေချိုးဖောက်မှုများကို ပြုလုပ်၍မရကြောင်း၊ တပ်မတော်တွင် ဥပဒေလိုက်နာမှုမရှိသည့် အရာရှိ၊ စစ်သည်များအား စိစစ်အရေးယူ ဆောင်ရွက်ရသည်များ ရှိကြောင်း၊ ထို့ကြောင့် တပ်မှူးအဖြစ်တာဝန် ထမ်းဆောင်နေသူ များသည် ဥပဒေများကို သိရှိနားလည်ပြီး မိမိတို့ ပတ်ဝန်းကျင်ရှိသူများ ကိုပါဥပဒေများအား နားလည်သိရှိအောင် ရှင်းလင်းပြောကြားရမည် ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သားများ အနေဖြင့် စစ်ပွဲဆိုင်ရာ ဥပဒေများနှင့် ပတ်သက်သည့် ဂျီနီဗာ ကွန်ဗင်းရှင်းကိုလည်း လိုက်နာဆောင်ရွက် သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဥပဒေ ဒီပလိုမာ(အရာရှိ) သင်တန်းတွင် ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိ အရာရှိကြီး ၂၁ ဦးတက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းကာလ အနေဖြင့် ၆ လကြာ သင်ကြား ပို့ချလျက်ရှိကြောင်း သတင်းရရှိသည်။

Read 587 times Last modified on Thursday, 09 August 2018 20:55