Print this page

TNLA/SSA (၀မ်ဟိုင်း)ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများကနမ္မတူမြို့နယ်အတွင်း ကျေးရွာများမှလူမနေသည့် ဈေးဆိုင်များနှင့်အိမ်များရှိပစ္စည်းများ၊ မွေးမြူထားသည့်တိရစ္ဆာန်များနှင့်ဆိုင်ကယ်များအားယူဆောင်မီးရှို့ဖျက်ဆီး၊ ရွာသား ၁ ဦးအားအကြောင်းမဲ့ရိုက်နှက်

Thursday, 09 August 2018 22:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ သြဂုတ်- ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ နောင်ငင်းကျေးရွာနှင့် နားဟုတ် ကျေးရွာ အနီးတစ်ဝိုက် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များက သတင်းအရ သြဂုတ် ၈ ရက်တွင် ရောက်ရှိရှင်းလင်းစဉ် ၎င်းကျေးရွာများရှိ လူနေထိုင်ခြင်း မရှိသည့် ဈေးဆိုင်များ၊ အိမ်များနှင့် လူအသုံးအဆောင် ပစ္စည်းများ၊ မွေးမြူထားသည့် တိရစ္ဆာန်များနှင့် ဆိုင်ကယ်များအား ယူဆောင် ဖျက်ဆီးသွားကြောင်း တွေ့ရှိရသဖြင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ သြဂုတ် ၅ ရက်မှ ၇ ရက်အထိ TNLA/SSA (၀မ်ဟိုင်း) ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူအင်အား ၁၀၀ ဦးခန့်ရောက်ရှိလာပြီး အကြောင်းမဲ့ယူဆောင် မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်များမှာ TNLA/SSA (၀မ်ဟိုင်း) ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများသည် ၎င်းကျေးရွာများသို့ သြဂုတ် ၅ ရက်တွင် ရောက်ရှိလာခဲ့ပြီး သြဂုတ် ၇ ရက်အထိ နေထိုင်ခဲ့ကာ နောင်ငင်းကျေးရွာရှိ ဦးအိုက်စိုင်း၏ နေအိမ်မှ KENBO-125 အမျိုးအစား မော်တော်ဆိုင်ကယ် ၁ စီးအား ယူဆောင်သွားခဲ့ခြင်း၊ ဦးစောနန္ဒ၏ နေအိမ်မှ အိမ်ဆောက်ရန် စုပုံထားသည့် သစ်များနှင့် ဆိုင်ကယ် ၁ စီးတို့အား မီးရှို့ဖျက်ဆီးခြင်း၊ ဒေါ်အေးမြင့်၊ ဦးစောဘနတို့၏ ဈေးဆိုင်များနှင့် အခြားလူနေအိမ် ၁၄ လုံးတို့အတွင်းရှိ အသုံးအဆောင် ပစ္စည်းများအား မွှေနှောက် ရှာဖွေထားခြင်း၊ လူနေအိမ်အချို့တွင် ရှမ်းဘာသာဖြင့် ခြိမ်းခြောက်စာများ ရေးသားထားခြင်း၊ နားဟုတ်ကျေးရွာရှိ ဦးပညာ၏ ဈေးဆိုင်မှ ကုန်ပစ္စည်းများကို ယူဆောင်သွားခြင်း၊ ၎င်းကျေးရွာသား ဦးစောလိယကို နာရီဝက်ခန့် ကြိုးတုတ်ရိုက်နှက် ခဲ့ခြင်းနှင့် အခြား လူနေအိမ် ၁ လုံးရှိ ပစ္စည်းများအား မွှေနှောက် ရှာဖွေခြင်းများကို အကြောင်းမဲ့ အကြမ်းဖက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ TNLA/SSA (၀မ်ဟိုင်း) ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံ တိုင်းရင်းသား ပြည်သူများမှာ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ် လျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက ၎င်းကျေးရွာများ အနီးတစ်ဝိုက် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 694 times Last modified on Thursday, 09 August 2018 22:08