SJ WorldNews - шаблон joomla Авто

ဆူဇူကီး ဖလားပြိုင်ပွဲ အတွက် မြန်မာ့လက်ရွေးစင် အသင်း ကာတာနိုင်ငံသို့ သွားရောက် လေ့ကျင့်ရန်စီစဉ်

Friday, 10 August 2018 09:51 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်  

မြန်မာ့လက်ရွေးစင် အသင်းသည် ၂ဝ၁၈ ဆူဇူကီးဖလားပြိုင်ပွဲတွင်  အောင်မြင်မှုရရှိစေရန်   ကာတာနိုင်ငံသို့ သွား ရောက် လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲများယှဉ်ပြိုင် ကစားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စီအီးအို  ဦးဘုန်းနိုင်ဇော် ထံမှ သိရသည်။

''ဒီနှစ်မှာ ဆူဇူကီးဖလားပြိုင်ပွဲကလည်း စနစ်သစ်ပြောင်းထားတော့  အသင်းတိုင်းမှာ အခွင့်အရေးတွေ ရှိနေတယ်။  အရင်လို အိမ်ရှင်အခွင့်အရေးဆိုတာမျိုး မရှိတော့ဘူး။ ပွဲစဉ်တိုင်း  အိမ်ကွင်း၊ အဝေးကွင်းစနစ်နဲ့ ယှဉ်ပြိုင်ရမယ်။   မြန်မာအသင်းအနေနဲ့  ဒီနှစ်မှာ  အောင်မြင်မှုရဖို့  ရည်မှန်းထား တယ်။ ဒါကြောင့် အကောင်းဆုံးပြင်ဆင်မှု ပြုလုပ်မယ်။  ပြိုင်ပွဲမတိုင်မီ  နိုင်ငံတကာ ခြေစမ်းပွဲတွေ  ကစားမယ်။ ပြီးရင် ကာတာနိုင်ငံကို သွားပြီး သုံးပတ် လောက် လေ့ကျင့်မယ်။ ကာတာက ကလပ် အသင်းတွေ နဲ့ ခြေစမ်းပွဲသုံးပွဲလောက် ကစားမယ်။ ကာတာ လက်ရွေးစင် အသင်းနဲ့လည်း  ခြေစမ်းဖို့ ကြိုးစားမယ်'' ဟု ဦးဘုန်းနိုင်ဇော် ကပြောသည်။

လက်ရှိတွင် မြန်မာ့ လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ ပြင်ဆင်မှုအဖြစ် အတည်ပြုပြီးသော  နိုင်ငံ တကာ ခြေစမ်းပွဲ နှစ်ပွဲရှိပြီး အောက်တိုဘာလ အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ အင်ဒိုနီးရှားလက်ရွေးစင် အသင်းနှင့် လည်းကောင်း၊  မြန်မာနိုင်ငံ၌ အာဖဂန်နစ္စတန်အသင်းနှင့်လည်းကောင်း ခြေစမ်းပွဲ ကစားမည်ဖြစ်ပြီး ဖီဖာ အသိအမှတ်ပြု ယင်းခြေစမ်းပွဲများ အပြီးတွင် ကာတာနိုင်ငံသို့ သွားရောက် လေ့ကျင့်မည်ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် အသင်းကို  လက်ရှိတွင် အာရှ အားကစားပွဲ ယှဉ်ပြိုင်မည့် မြန်မာယူ-၂၃ အသင်းအား အခြေခံ ဖွဲ့စည်းမည် ဖြစ်ပြီး နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးကို တာဝန် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။              

တီတီ

Read 235 times Last modified on Friday, 10 August 2018 09:55