SJ WorldNews - шаблон joomla Авто

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2018 ပိတ်ပွဲအခမ်းအနားသို့တက်ရောက်ရန်ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိ

Friday, 10 August 2018 21:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ် - ၁၀

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ် လျက်ရှိသည့် International Army Games-2018 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် အတွက် သြဂုတ် ၉ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ကြပြီး ယနေ့ဒေသစံတော်ချိန် နံနက် ၅ နာရီ မိနစ် ၅၀တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကို အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကိုကိုရှိန်၊ သံမှူးကြီး ဦးတင်ဇော်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ညွန့်ဆွေနှင့် တာဝန်ရှိ သူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

 

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ ခေတ္တတည်းခိုမည့် Metropol ဟိုတယ်သို့ ဒေသစံတော်ချိန် နံနက်၈ နာရီ ၂၆ မိနစ်တွင် ရောက်ရှိကြသည်။

 

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် မော်စကိုမြို့ရှိ ဗုဒ္ဓစင်တာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ အစ္ဆရိယအား ဖူးမြော် ကြည်ညိုကြကာ ၀ါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 

 

Read 332 times Last modified on Friday, 10 August 2018 21:50