SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် စဥ့်ကူးမြို့နယ် ညောင်ပင်ကျေးရွာ ကျေးလက်ခန်းမနှင့် ပွင့်လင်းသုတ စာဖတ်ခန်းဖွင့်ပွဲသို့ တက်ရောက်

Saturday, 11 August 2018 08:58 font size decrease font size decrease font size increase font size increase font size

မန္တလေး  သြဂုတ်  ၁ဝ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည်  ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဒေါက်တာ မြင့်ထွေး၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊   ဒုတိယဝန်ကြီး ဦးမင်းသူတို့နှင့် အတူ ယနေ့နံနက်ပိုင်း တွင် စဥ့်ကူးမြို့နယ် ညောင်ပင်ကျေးရွာကျေးလက်ခန်းမနှင့် ပွင့်လင်းသုတ စာ ဖတ်ခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖွင့်လှစ်ပေးသည်။

အစီအစဉ်အရ ကျေးလက်ခန်းမနှင့်ပွင့်လင်း သုတစာဖတ်ခန်းအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး   စာကြည့်တိုက်အတွင်းရှိ သုတရသစာအုပ်စာစောင်များကို လှည့်လည် ကြည့်ရှုသည်။

အဆိုပါကျေးလက်ခန်းမနှင့် ပွင့်လင်းသုတ စာဖတ်ခန်းသည် စဥ့်ကူးမြို့နယ် ညောင်ပင်ကျေးရွာအုပ်စု နေပူကုန်း ကျေးရွာနေ ဦးသန်းဆွေ၊ ဦးဌေးကိုမိသားစုတို့က ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာ ဘိဝံသ ထံသို့  ညောင်ပင်ကျေးရွာ အုပ်စုနေ ပြည်သူများစာပေ လာရောက်ဖတ်ရှုပြီး အသိ အမြင်ဗဟုသုတ ရရှိစေရန် အတွက် လှူဒါန်းခဲ့ သည့်မြေပေါ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၃၆ဝအကုန်အကျခံ၍  ကွန်ကရစ်တစ်ထပ် တိုက်တည်ဆောက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ပွင့်လင်းသုတ စာဖတ်ခန်း၌ သုတရသစာအုပ် ပေါင်း ၁၃၉၂ အုပ်နှင့် ကွန်ပျူတာနှစ်စုံကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ညောင်ပင်ကျေးရွာ အမျိုးသမီးအိမ်တွင်းမှု  သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ကျေးရွာ အနီး ပတ်ဝန်းကျင်မှ အမျိုးသမီးငယ်များအား စက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချပေးနေမှုကို  ကြည့်ရှုအားပေးသည်။

အဆိုပါသင်တန်းကျောင်းကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အခြေခံအိမ်တွင်းမှုသင်တန်း ခုနစ်ကြိမ်နှင့်  အဆင့်မြင့်စက်ချုပ်သင်တန်း  ခြောက်ကြိမ် ဖွင့်လှစ်၍ သင်တန်းသား ၃၉ဝ ဦး မွေးထုတ် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် သင်တန်းကျောင်းခန်းမ၌ စဥ့်ကူးမြို့နယ် ညောင်ပင်ကျေးရွာ အုပ်စုမှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။

ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုး ရေးအတွက်  နိုင်ငံတော် အစိုးရနှင့် အတူ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဒေသ၏ လျှပ်စစ်မီး လိုအပ်ချက်များကို တင်ပြကြရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပံ့ပိုးဖြည့်ဆည်းပေးမည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညောင်ပင်ကျေးရွာ မူလတန်းလွန် ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ၊ အားကစားပစ္စည်းများနှင့် မုန့်များ၊ ကျေးရွာအတွက် ဆိုလာမီးနှင့် ဆိုလာပြားများကို ကျောင်းအုပ် ဆရာကြီးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ထံ ပေးအပ်သည်။

ယင်းနောက်  မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ယက္ကန်းစင်တောင်ဒေသ သစ္စာနန္ဒဓမ္မစင်တာ၌ တည်ထားသည့် မဟာဘဒ္ဒ မုနိဘုရားသို့  ရောက်ရှိဖူးမြော်ကြည်ညိုပြီး ဘုရားလိုဏ်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ပန်း၊ ရေချမ်း ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍   သစ္စာနန္ဒဓမ္မ စင်တာရှိ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသကို ဖူးမြော် ကြည် ညို၍ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပါမောက္ခချုပ်ဆရာတော်ထံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က   ဝါဆိုသင်္ကန်းဒွိစုံကို ဆက်ကပ်လှူဒါန်း သည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က သမ္မတရုံးဝန်ကြီးဌာနမှလှူဒါန်းသည့် နဝကမ္မအလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့နှင့်အတူ အမှတ်(၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း (စစ်ကိုင်း) သို့ ရောက်ရှိကြသည်။

သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များ သည် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး နှင့်  တာဝန်ရှိ သူ များနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ ဆုံစဉ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ရဲလေ့ကျင့်ရေး သင်တန်း ကျောင်းများ  တည်ဆောက်နေမှုကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်အပေါ် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က ယခင်က လူထုမှရဲတပ်ဖွဲ့ဝင်များကို ပုလိပ်ဟု ခေါ်ဆိုကြပြီး ရဲတပ်ဖွဲ့အပေါ် အားကိုးယုံကြည်မှုမရှိကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့ကိုနာမည်ပြောင်းလဲခဲ့ကြောင်း၊ ထိုသို့ နာမည် ပြောင်း လဲပြီးနောက်   ပြည်သူများ ယုံကြည်အားကိုးရသည့်ရဲတပ်ဖွဲ့ ဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယင်းသို့ကြိုးစားဆောင်ရွက်ရာတွင် အောင်မြင်ခြင်းတရား လေးပါးဖြစ်သည့် ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်နှင့် ပညာတို့အနက် စိတ်ဓာတ် ကို အဓိက ထားပြုပြင်ပြောင်း လဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ပြောင်းလဲ ဆောင်ရွက်ရန်မှာ နိုင်ငံရေး၊ လူမှုရေးနှင့် နည်းပညာ တိုးတက်ပြောင်းလဲမှုတို့အရ  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြောင်းလဲဆောင်ရွက်ရန်အချိန် အခါကောင်း ကို ရောက်နေကြောင်း၊ ယခုကဲ့သို့ အချိန်အခါကောင်းတွင် ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထုယုံကြည်အားကိုးရသည့်ရဲတပ် ဖွဲ့ဖြစ်လာအောင်ကြိုးစားကြရန် လိုအပ်ကြောင်းမှာ ကြားသည်။

ထို့နောက် စာသင်ဆောင်၌ ရဲကျင့်ဝတ်နှင့် ဥပဒေပညာရပ်များ လေ့ကျင့်သင်ကြား ပို့ချပေးနေမှုကို  သင်တန်းသား များနှင့် အတူ တက်ရောက်နားထောင်သည်။

ယင်းနောက် ကျောင်းဝင်းအတွင်းရှိ နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေဖြင့် ဆောက်လုပ်နေသည့်  သင်တန်း သား အိပ်ဆောင်၊  စာသင်ဆောင်၊ နည်းပြမိသားစုများ နေထိုင်ရာနေ အိမ်လိုင်းခန်းများကို မော်တော် ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

Read 190 times Last modified on Saturday, 11 August 2018 09:02