SJ WorldNews - шаблон joomla Авто

စားသောက်ဆိုင်များကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရန်စီစဉ်

Saturday, 11 August 2018 09:23 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    သြဂုတ်   ၁ဝ

ပြည်တွင်း စားသောက်ဆိုင်များသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက်စားသောက်ရာ တွင်  ပိုမိုစိတ်ချ ယုံကြည်နိုင်ရေး စားသောက်ဆိုင်များ၏ အရည်အသွေး၊ ဝန်ဆောင်မှုများကို ဆန်းစစ်၍ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း (MRA)မှ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားရန် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင် အသင်း၏ လက်ရှိ အသင်းဝင် အင်အားဖြင့် မလုံလောက်ခြင်းကြောင့် အသင်းဝင်စားသောက်ဆိုင်များမှ စတင်ကာ လုပ်နိုင်မည့် အတိုင်းအတာ အလိုက် တဖြည်းဖြည်း ဆောင်ရွက် သွားမည်ဖြစ်သည်။

လက်ရှိတွင်  စားသောက်ဆိုင်များကို  တိုက်ဆိုင်စစ်ဆေးနိုင်ရေး စံသတ်မှတ်ချက် စာအုပ်တစ်အုပ်ကိုလည်း   ရေးဆွဲ ထားပြီး  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) စသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့်ညှိနှိုင်း တိုင်ပင်၍  တရားဝင်ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။

အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းသည် သတ်မှတ်ချက်စံနှုန်းတစ်ခု အနေဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာမှ  စားသောက်ဆိုင်များတွင်လည်း သန့်ရှင်းလတ်ဆတ်ကြောင်း အာမခံသည့် အသိအမှတ် ပြု လက် မှတ်များကို ထုတ်ပေးထားခြင်းကြောင့်  ခရီးသွား ဧည့်သည်များ၏ ယုံကြည်စိတ်ချမှုကို ရရှိကြကြောင်း သိရသည်။     

အမ်အမ်ကေ

 

Read 41 times Last modified on Saturday, 11 August 2018 09:49