SJ WorldNews - шаблон joomla Авто

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့တို့တွေ့ဆုံ

Thursday, 16 August 2018 09:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်   ၁၅

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့တို့သည် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊  သမ္မတရုံးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမင်းသူ၊  နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လွတ်လပ်သော    စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယို မယ်နာလို၊ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊  ပါမောက္ခ  ဒေါက်တာအောင်ထွန်းသက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

(သတင်းစဉ်)

Read 713 times Last modified on Thursday, 16 August 2018 09:56