SJ WorldNews - шаблон joomla Авто

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်

Thursday, 16 August 2018 10:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၅

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ(၂)၊ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ငါးရံ့ချောင်းကင်းစခန်းမှ ဒုတိယရဲမှူး အောင်ကျော်ကျော် ဦးစီးသည့် တပ်ဖွဲ့ဝင် ၁၅ ဦးနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) BGB တပ် Gorijonbuniya  ကင်းစခန်းမှ ဒုတိယ စခန်းမှူး Naib  Subedar  Md. Sultan Ahmad ဦးစီး ၁၅ ဦးတို့သည် ယမန်နေ့ နံနက် ၁ဝ နာရီမိနစ် ၂ဝ မှ ၁၂ နာရီထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ   နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း   နယ်နိမိတ်မှတ်တိုင် ၄ဝ မှ ၄၁ အထိ  နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြသည်။

အလားတူ  ယမန်နေ့နံနက် ၁ဝ နာရီ ၁ဝ မိနစ်က မောင်တောမြို့  နယ်မြေ (၅) အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးခူရနယ်မြေရုံးမှ ဒုတိယရဲမှူး ထွန်းထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင် ရှစ်ဦးသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်နှစ်စင်းဖြင့် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ်မှ Naib  Subedar Sha  Alome ဦးစီး ၁၁ ဦးသည်  စက်တပ် ရေယာဉ်နှစ်စင်းဖြင့် လည်းကောင်း စံပါယ်ပင်ရင်း ချောင်းဝထိပ် နတ်မြစ်အလယ် နှစ်နိုင်ငံ နယ်နိမိတ်အနီး ဆုံရပ်ရေမိုင်(၁၁)၌ တွေ့ဆုံ၍ နတ်မြစ်ကြောင်းအတိုင်း ညှိနှိုင်းကင်းလှည့်ခဲ့ရာ နံနက် ၁၁ နာရီတွင် ပြူးမချောင်း ချောင်းဝအနီး ရေမိုင်(၁၄)နှင့် (၁၅)ကြားသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

Read 213 times Last modified on Thursday, 16 August 2018 10:24