SJ WorldNews - шаблон joomla Авто

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း လက်ကျန်ပွဲစဉ်နှစ်ပွဲတွင် ပိုကောင်းသည့် စွမ်းဆောင်ရည် ပြသနိုင်ရန် ပြင် ဆင်ထား

Friday, 17 August 2018 06:33 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    သြဂုတ်   ၁၆

အင်ဒိုနီးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ်ကျင်းပလျက်ရှိသည့် ၂ဝ၁၈ အာရှအားကစားပွဲတော်ပြိုင်ပွဲတွင် အမျိုးသား ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်လျက်ရှိသော   မြန်မာ ယူ-၂၃ အသင်းသည် နောက်တစ်ဆင့်တက်ရေးထက် လက်ကျန် ပွဲစဉ်နှစ်ပွဲတွင် ပိုကောင်းသည့် စွမ်းဆောင်ရည်ပြသနိုင်ရန် ပြင်ဆင်ထားကြောင်း မြန်မာအသင်း အုပ်ချုပ်သူ  ဦးဘုန်းနိုင်ဇော်က ပြောသည်။

''နောက်တစ်ဆင့်တက်နိုင်ခြေ ဆိုတာထက် နောက်လာမယ့် ပွဲစဉ်နှစ်ပွဲမှာ မြောက်ကိုရီးယား အသင်းနဲ့ပွဲကထက် ပိုကောင်းမယ့် စွမ်းဆောင်ရည် မျိုးပြသနိုင်အောင် ကြိုးစားရမှာပါ။   အီရန်နဲ့ ဆော်ဒီဆိုတာ ကမ္ဘာ့ဖလားပွဲကို ပုံမှန် လိုလိုဝင်ခွင့်ရနေတဲ့  တကယ့် အာရှထိပ်သီး အသင်းတွေဖြစ်ပါ တယ်။  အကောင်းဆုံး ဆက်ကြိုးစားနေကြပါ တယ်။  လက်ရှိမှာ နောက်ပွဲအတွက်   ကြံ့ခိုင်မှု ကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်''   ဟု  ဦးဘုန်းနိုင်ဇော်က ပြော သည်။

မြန်မာ  ယူ-၂၃ အသင်းသည်   အာရှအားကစားပြိုင်ပွဲ အုပ်စု (F)အဖွင့်ပွဲစဉ် အဖြစ်  ယမန်နေ့က     မြောက်ကို ရီးယား  ယူ-၂၃  အသင်းနှင့်  ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဂိုးစီသရေရလဒ်ဖြစ်ခဲ့သည်။  

အုပ်စုတွင်း တခြားပွဲစဉ်အဖြစ် ဆော်ဒီနှင့် အီရန်အသင်းတို့ပွဲစဉ်တွင် ဂိုးမရှိ သရေ ရလဒ်ဖြစ်ခဲ့သောကြောင့် ယင်း အုပ်စု အတွင်း အသင်းလေးသင်းစလုံး   ရမှတ်တစ်မှတ်စီဖြင့် ရပ်တည် နေခဲ့သည်။

အုပ်စု ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၂၃ အသင်းသည် သြဂုတ် ၁၇ ရက် ည  ၆ နာရီခွဲတွင်  ဆော်ဒီ ယူ-၂၃  အသင်း နှင့် လည်းကောင်း၊ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် သြဂုတ် ၂ဝရက် ညနေ ၃နာရီခွဲတွင် အီရန်  ယူ-၂၃ အသင်းနှင့် လည်းကောင်း ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။                               

တီတီ

                          

Read 632 times Last modified on Friday, 17 August 2018 06:34