SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ အကြံပေးအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

Friday, 17 August 2018 09:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် H.E. Dr. SurakiartSathirahai ဦးဆောင်သည့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော် မတီ အကြံပေး အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌    လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီသို့ ယင်း၏ အကြံပေးအဖွဲ့မှ ယနေ့တွင် တင်သွင်းခဲ့သော အပြီးသတ် အစီရင်ခံစာနှင့် ပတ်သက်၍ အကြံပေးအဖွဲ့ ဥက္ကဋ္ဌက ရှင်းလင်းပြောကြားသည်။

ယခုတွေ့ဆုံမှုသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ အကြံပေးအဖွဲ့ အနေဖြင့် စတင်ထူထောင်ပြီးချိန်မှစ၍ စတုတ္ထအကြိမ်နှင့် နောက်ဆုံးအကြိမ် လာရောက်တွေ့ ဆုံခြင်းဖြစ်ပြီး Dr. Surakiart မှ အကြံပေးအဖွဲ့၏ အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးအပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ အကြံပေးအဖွဲ့ဝင်များအပြင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊  H.E. Dr. Surakiart Sathirahai နှင့်အတူ   အကြံပေးအဖွဲ့ဝင် ငါးဦးတို့လည်း တက်ရောက်ခဲ့သည်။

Read 482 times Last modified on Friday, 17 August 2018 09:33