SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ရောက်ရှိ၊ မော်စကိုမြို့ အတွင်း လှည့်လည် ကြည့်ရှုလေ့လာ

Monday, 20 August 2018 20:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ် - ၂၀

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာစစ်ဘက် နည်းပညာဖိုရမ် (Army Forum-2018) နှင့် နိုင်ငံတကာ အမျိုးသား လုံခြုံရေးဖိုရမ် (Week of National Security) သို့ တက်ရောက်ရန် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့သည် သြဂုတ် ၁၉

ရက်ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Domodedovo လေဆိပ်သို့ ရောက်ရှိကြသည်။ လေဆိပ်၌ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကိုကိုရှိန်၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ညွန့်ဆွေ၊ ရုရှား တပ်မတော်မှ Major General Majorov Viachevalv Victorovich နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်စကိုမြို့ရှိ မြေအောက်ရထား Metro အား Teatralnaya ဘူတာမှ Arbatskaya ဘူတာအထိ လိုက်ပါ စီးနင်းလေ့လာကြပြီး မော်စကိုမြို့ အတွင်းနှင့် ယဉ်ကျေးမှု အနုပညာအထင်ကရ နေရာဖြစ်သော ရှေးဟောင်းလမ်း Old Arbat အတွင်း လမ်းလျှောက်၍ လှည့်လည် ကြည့်ရှု လေ့လာခဲ့ကြသည်။

 

အဆိုပါ မော်စကို မြေအောက် ရထား Metro အား ၁၉၃၅ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုအခါ နေ့စဉ်ခရီးသည် ၉ သန်းခန့် အသုံးပြု လျက်ရှိသည်။ ၎င်းမြေအောက် ရထားအား လပေးစီးနင်းစနစ်ဖြင့် လည်းကောင်း၊ ခေါက်ရေ စီးနင်းစနစ်ဖြင့်လည်းကောင်း လိုအပ်သလို ၀ယ်ယူ စီးနင်းနိုင်ရန် စီမံပေးထားပြီး လပေးစနစ်၌

တစ်လလျှင် ၂၆၄၈ ရူဘယ် ကျသင့်ပြီး ခေါက်ရေစနစ်၌ မိမိသွားလိုသည့် နေရာသို့ ခရီးစဉ် အစအဆုံး သွားရောက်ပါက ၅၅ ရူဘယ်သာ ကျသင့်သဖြင့် သက်သာပြီးအကျိုးရှိ ထိရောက်သောကြောင့် ခရီးသည်များ အဓိကအားထား အသုံးပြု လျက်ရှိသော သယ်ယူ ပို့ဆောင်ရေး စနစ်တစ်ခု ဖြစ်ကြောင်း သတင်းရရှိ သည်။

Read 714 times Last modified on Monday, 20 August 2018 20:35